ဗုဒ္ဓ၏တရားတော်များ

ဘုရားရှိခိုး

ဣတိပိသောဘဂဝါ-
၁။   အရဟံ၊
၂။    သမ္မာသမ္ဗုဒ္ဓေါ၊
၃။   ဝိဇ္ဇာစရဏသမ္ပန္နော၊
၄။   သုဂတော၊
၅။   လောကဝိဒူ၊
၆။   အနုတ္တရောပုရိသဓမ္မသာရထိ၊
၇။   သတ္ထာဒေဝမနုဿာနံ၊
၈။   ဗုဒ္ဓေါ၊
၉။   ဘဂဝါ။

အနက်အဓိပ္ပာယ်များ

အရဟံ – ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။
သမ္မာသမ္ဗုဒ္ဓေါ – တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာစရဏသမ္ပန္နော – ဝိဇ္ဇာဉာဏ် ၃ ပါး (၈ပါး) ၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။
သုဂတော – အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
လောကဝိဒူ – သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
အနုတ္တရော ပုရိသဒမ္မသာရထိ – အတုမရှိ မြတ်တော်မူသည်ဖြစ်၍ မယဉ်ကျေးသောသူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
သတ္ထာ ဒေဝမနုဿာနံ – လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။
ဗုဒ္ဓေါ – သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီး တစ်ပါးသူတို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
ဘဂဝါ – ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။

အဓိပ္ပါယ်ရှင်းလင်းချက်

ဝိဇ္ဇာ ၃-ပါး
၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် – ရှေးရှေးဘဝ၌ နေထိုင်တွေ့ကြုံခဲ့သမျှကို ပြန်၍ အောက်မေ့နိုင် သောဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် – နတ်မျက်စိကဲ့သို့ ဝေးကွာသောအရာ၊ သေးငယ်သောအရာကို မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် – ကိလေသာအာသဝေါကို ကုန်စင်စေနိုင်သော အရဟတ္တမဂ်ဉာဏ်။

ဝိဇ္ဇာ ၈-ပါး
၁။ ဝိပဿနာဉာဏ် – အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရုပ်နာမ်တရားအားလုံးကို သိသောဉာဏ်။
၂။ စေတောပရိယဉာဏ် – သူများစိတ်ကို သိနိုင်သောဉာဏ်။
၃။ မနောမယိဒ္ဓိဉာဏ် – မိမိခန္ဓာကိုယ်အတွင်း၌ အလားတူကိုယ်တစ်မျိုးကို စိတ်ဖြင့်ဖန်ဆင်းနိိုင် သောဉာဏ်။
၄။ ဒိဗ္ဗသောတဉာဏ် – နတ်တို့နားကဲ့သို့ ဝေးသောအသံ၊ သေးငယ်သောအသံကို ကြားနိုင် သောဉာဏ်။
၅။ ဣဒဉာဏ် – မြေလျှိုး၊ မိုးပျံစသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဉာဏ်။

မှတ်ချက်။ရှေ့ ဝိဇ္ဇာ ၃ ပါးတွင် ဤ ၅ ပါးကိုထည့်လျှင် ဝိဇ္ဇာ ၈-ပါးဖြစ်၏။

 

စရဏ ၁၅–ပါး
၁။ သဒ္ဓါ – ကုသိုလ်၊ အကုသိုလ်ကံရှိသည်၊ ထိုကံ၏ ကောင်းကျိုး၊ မကောင်းကျိုး ရှိသည်၊ ရတနာသုံးပါးရှိသည်၊ နောင်ဘဝရှိသည်ဟု ယုံကြည်မှု။
၂။ သတိ – ကုသိုလ်ကောင်းမှုဆိုင်ရာ၌ အမှတ်ရမှု။
၃။ ဟိရီ – မကောင်းမှု ဒုစရိုက်မှ ရှက်မှု။
၄။ သြတ္တပ္ပ – မကောင်းမှု ဒုစရိမှ ကြောက်လန့်မှု။
၅။ ဝီရိယ – ကုသိုလ်ကောင်းမှုကိစ္စများ၌ အားထုတ်မှု။
၆။ သုတ – အကြားအမြင်များမှု။
၇။ ပညာ – အရာရာ၌ တတ်သိလိမ္မာမှု။
၈။ ဘောဇနေ မတ္တညုတာ – စားသောက်ရာ၌ ကိုယ်နှင့် သင့်၊ မသင့် နှိုင်းချင့်၍ အတိုင်းအရှည်ကို သိမှု။
၉။ ဇာဂရိယာနုယောဂ – နိုးနိုးကြားကြားအိပ်မှု၊ အအိပ်အနေ နည်းမှု။
၁၀။ သီလ – နေ့စဉ် ဆိုင်ရာသီလကို စောင့်ထိန်းမှု။
၁၁။ ဣနြယသံဝရ – တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသမဖြစ်စေဘဲ မျက်စီ၊ နား၊ နှာစသော ဣန္ဒြေများကို ငြိမ်သက်အောင် စောင့်စည်းမှု။
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။ စတုတ္ထဈာန်

စကား ၆–ခွန်း
၁။ မှန်လည်းမမှန်၊ သူများလည်း မနာကြားလို၊ အကျိုးမရှိသောစကား။
၂။ မှန်ကားမှန်၊ သူများ မနာကြားလို၊ အကျိုးမရှိသောစကား။
၃။ မှန်ကား မမှန်၊ သူများ နာကြားလို၊ အကျိုးမရှိသောစကား။
၄။ မှန်ကား မှန်၊ သူများ နာကြားလို၊ အကျိုးမရှိသောစကား။
၅။ မှန်လည်းမှန်၊ သူများ မနာကြားလို၊ အကျိုးရှိသောစကား။
၆။ မှန်လည်းမှန်၊ သူများ နာကြားလို၊ အကျိုးရှိသောစကား။

ဘုရားရှင်တို့သည် ရှေ့ ၄ မျိုး လုံးဝ မပြောဘဲ၊ နောက် ၂ မျိုး (မှန်လည်းမှန်၊ မနာကြားလို/နာကြားလို၊ အကျိုးရှိသောစကား) ကိုသာ ပြောသည်။

 

လောက ၃–ပါး
သတ္တလောက – အသက်ရှိသော သတ္တဝါအပေါင်းသည် သတ္တလောကမည်၏။
သြကာသလောက – သတ္တဝါတို့၏တည်နေရာဘုံဌာနသည် သြကာသလောကမည်၏။
သင်္ခါရလောက – လောကီရုပ်တရား၊ နာမ်တရားအပေါင်းသည် သင်္ခါရလောကမည်၏။

 

သစ္စာ ၄–ပါး
ဒုက္ခသစ္စာ – (ဒုက္ခ-ဆင်းရဲခြင်း + သစ္စာ-အမှန်) မိမိ၏ ရုပ်ခန္ဓာနှင့် စိတ်,စေတသိက် ဟူသောနာမ်တရားများ ပေါင်းစပ်နေသည်ကို ခန္ဓာကိုယ်ဟုခေါ်၏၊ ဤခန္ခာကိုယ်သည် ဒုက္ခတုံး၊ ဒုက္ခခဲ၊ ဆင်းရဲခြင်းအမှန်ဖြစ်သည်။
သမုဒယသစ္စာ – (သမုဒယ-ဒုက္ခဖြစ်ကြောင်း+သစ္စာ-အမှန်) ထိုဒုက္ခ၏အကြောင်းရင်းကား ”တဏှာ လောဘ”ဟု ခေါ်ဆိုအပ်သော နှစ်သက်ခင်မင်မှု၊ လိုချင်တပ်မက်မှု သည် ဒုက္ခဖြစ်ကြောင်းအမှန်ဖြစ်သည်။
နိရောဓသစ္စာ – (နိရောဓ-ဒုက္ခ၏ ချုပ်ဆုံးရာ + သစ္စာ-အမှန်) ထိုဒုက္ခအားလုံး၏ ချုပ်ဆုံးရာ အမှန်ကား နိဗ္ဗာန် ဖြစ်သည်။
မဂ္ဂသစ္စာ – (မဂ္ဂ-နိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်း + သစ္စာ-အမှန်) နိဗ္ဗာန်ရောက် ကြောင်း လမ်းကြောင်းအမှန်ကား မဂ္ဂင် ရှစ်ပါး ဖြစ်သည်။

 

မဂ္ဂင် ၈–ပါး
သမ္မာဒိဋ္ဌိ – ကောင်းသောအလိမ္မာ ဉာဏ်ပညာ။
သမ္မာသင်္ကပ္မ – ကောင်းသောအကြံအစည်။
သမ္မာဝါစာ – ကောင်းသော စကားကို ပြောဆိုခြင်း။
သမ္မာကမ္မန္တ – ကောင်းသောအမှုကို ပြုခြင်း။
သမ္မာအာဇီဝ – ကောင်းသောအသက်မွေးခြင်း။
သမ္မာဝါယာမ – ကောင်းသောအားထုတ်ခြင်း။
သမ္မာသတိ – ကောင်းသော အမှတ်ရခြင်း။
သမ္မာသမာဓိ – ကောင်းသော တည်ကြည်ခြင်း။

 

မာရ် ၅ –ပါး
ဒေဝပုတ္တမာရ် – မာရ်နတ်
ကိလေသာမာရ် – ကိလေသာ ၁ဝ-ပါး၊
ခန္ခမာရ် – ခန္ခာ ၅-ပါး၊
မစ္စုမာရ် – သေခြင်းတရား၊
အဘိသင်္ခါရမာရ် – ပြုပြင်စီရင်မှု။

 

ဘုန်းတော် ၆-ပါး
ဣဿရိယ ဘုန်းတော် – ကိုယ်တော်၏စိတ်နှင့် သတ္တဝါတို့ကို အစိုးရခြင်း၊ အုပ်စိုးတော် မူနိုင်ခြင်း။ အဏိမာ၊ လဃိမာ၊ မဟိမာ၊ ပတ္တိ၊ ပါကမ္မ၊ ဣသိတာ၊ ဝသိတာ၊ ယတ္ထကာမာ ဝသာယိတာ ဘုန်းတော်(၈)ပါးကို အစိုးရနိုင်ခြင်းဟူသော ဣဿရိယဘုန်းတော်။
ဓမ္မ ဘုန်းတော် – မဂ်တရား ၄-ပါး၊ ဖိုလ်တရား ၄-ပါး၊ နိဗ္ဗာန် ပေါင်း ၉-ပါး။ ကိလေသာရန်ကို ပယ်ဖျက်နိုင်သည့် မဂ်(၄)တန် ဖိုလ်(၄)တန် နိဗ္ဗာန်ဖြစ်သော လောကုတ္တရာတရား (၉)ပါးဟူသော ဓမ္မဘုန်းတော်။
ယသ ဘုန်းတော် – ပျံ့နှံ့ကျော်စောသော ဂုဏ်သတင်း။ ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာသော ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်ဇောနိုင်ခြင်းဟူသော ယသဘုန်းတော်။
သိရီ ဘုန်းတော် – လွန်စွာသပ္ပါယ်သော ကိုယ်တော်၏ ကျက်သရေမင်္ဂလာ။ ကိုယ်တော်ပုံနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော သီရိဘုန်းတော်။
ကာမ ဘုန်းတော် – ရှင်တော်မြတ်အလိုရှိလေသမျှ လုံးဝဥဿုံ အကုန်ပြီးစီးနိုင်ခြင်း။ အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် ကာမဘုန်းတော်။
ပယတ္တ ဘုန်းတော် – ကြီးမားလှစွာသော လုံ့လဝီရိယ။ တစ်လောကလုံး ညွှတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော ပယတ္တဘုန်းတော်။

 

ဣဿရိယ ဘုန်းတော်(၈)မျိုး

စိတ်ကို အစိုးရတော်မူခြင်း တန်ခိုး အာဏိမာစသော ဣဿရိယ ဘုန်းတော် တစ်ခုတည်းမှာပင် အစွမ်းသတ္တိ အားဖြင့် ရှစ်မျိုး ခွဲပြထားလေသည်။

အာဏိမာ – ကိုယ်တော်ကို အလိုရှိသလောက် အဏုမြူမှုန်ကလေးတမျှ သေးငယ်သွားအောင် ဖန်ဆင်းနိုင်ခြင်း ဘုန်းတော်။
မဟိမာ – ကိုယ်တော်ကို အလိုရှိသလောက် ကြီးအောင် ဖန်ဆင်းနိုင်သောဘုန်းတော်။
လဃိမာ – ပေါ့ပေါ့ပါးပါး ကူးလွှားပျံသန်းနိုင်အောင် ပြုနိုင်သောဘုန်းတော်။
ပတ္တိ – ရောက်လိုရာအရပ်သို့ ချက်ချင်း ကြွရောက်နိုင်သောဘုန်းတော်။
ပါကမ္မ – အဆင်းသဏ္ဌာန် အသွင်အပြင်အမျိုးမျိုး ဖန်ဆင်းနိုင်သော ဘုန်းတော်။
ဣသိတာ – မိမိစိတ်တော်မှစ၍ လောကအားလုံးကိုပါ ပိုင်ပိုင်နိုင်နိုင် စိုးမိုးအုပ်ချုပ်တော်မူနိုင်သောဘုန်းတော်။
ဝသိတာ– ဈာန် သမာပတ် အဘိညာဉ်တို့ကို ခဏခြင်း ဝင်စားနိုင်သော ဘုန်းတော်။
ယတ္ထ ကာမာ ဝသာယိတာ – အလိုရှိသလောက် အဓိဋ္ဌာန်သောအတိုင်း ဆိုင်းငံ့တော်မမူဘဲ တစ်ပြိုင်တည်း ထိုကိစ္စကို ပြီးစေနိုင်သော ဘုန်းတော်။

၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော
၂။ သန္ဒိဋ္ဌိကော
၃။ အကာလိကော
၄။ ဧဟိပဿိကော
၅။ သြပနေယိုကာ
၆။ ပစ္စတ္တံ ဝေဒိတဗော ဝိညူဟိ


အနက်အဓိပ္ပာယ်များ

သွာက္ခာတ ဂုဏ်တော် – မြတ်စွာဘုရား ကောင်းစွာ ဟောထားသည့်တရားဖြစ်ခြင်းဂုဏ်။
သန္ဒိဌိက ဂုဏ်တော် – ကိုယ်တိုင်ကျင့်လျှင် ကိုယ်တိုင်သိနိုင်သော တရားဖြစ်ခြင်းဂုဏ်။
အကာလိက ဂုဏ်တော် – အခါမလပ် အကျိုးပေးခြင်း၊ မဂ်ရလျှင် ဖိုလ်ချက်ချင်း ဖြစ်ခြင်းဂုဏ်။
ဧဟိပဿိက ဂုဏ်တော် – ‘လာပါ၊ ကျင့်စမ်းပါ’ ဟု ရဲရဲဝံဝံ ဖိတ်ခေါ်ထိုက်ခြင်း၊ အစမ်းသပ်ခံနိုင်ခြင်း ဂုဏ်။
ဩပနေယျိက ဂုဏ်တော် – မိမိစိတ်၌ အမြဲကပ်၍ ဆောင်ထားသင့်ခြင်းဂုဏ်။
ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ ဂုဏ်တော် – အရိယာတို့သည် နိဗ္ဗာန်ချမ်းသာကို အသီးသီး လက်တွေ့ ခံစားနိုင်ခြင်းဂုဏ်။

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၄။ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော၊
၅။ အာဟုနေယျော၊
၆။ ပါဟုနေယျော၊
၇။ ဒက္ခိဏေယျော၊
၈။ အဉ္ဇလိကရဏီယျော၊
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။


အနက်အဓိပ္ပာယ်များ

သုပ္ပဋိပန္နေ ဂုဏ်တော် – လွန်ကောင်းမြတ်သော အကျင့်ဂုဏ်တော်၊
ဥဇုပ္ပဋိပန္နေ ဂုဏ်တော် – လွန်ဖြောင့်မတ်သော အကျင့်ဂုဏ်၊
ဉာယပ္ပဋိပန္နေ ဂုဏ်တော် – လွန်သင့်မြတ်သော အကျင့်ဂုဏ်၊
သာမီစိပ္ပဋိပန္နေ ဂုဏ်တော် – ရိုသေအပ်သော အကျင့်ဂုဏ်၊
အာဟုနေယျေ ဂုဏ်တော် – ဧည့်သည်ရည်မှု၊ အလှူဝတ္ထုကို ခံယူထိုက်သောဂုဏ်၊
ပါဟုနေယျေ ဂုဏ်တော် – လက်ဆောင်ယူငြား အလှူဝတ္ထုများကို ခံယူထိုက်သောဂုဏ်၊
ဒက္ခိဏေယျေ ဂုဏ်တော် – မြတ်သောအလှူ ခံယူထိုက်သောဂုဏ်၊
အဉ္ဇလိကရဏီယျေ ဂုဏ်တော် – လက်အုပ်ချီမိုး ရှိခိုးထိုက်သောဂုဏ်၊
အနုတ္တရံ ပုညက္ခေတ္တ ဂုဏ်တော် – လယ်ယာမြေကောင်းနှင့် တူသောဂုဏ်။

ဩကာသ၊ ဩကာသ၊ ဩကာသ၊

ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပတ္တိတရား(၄)ပါး၊ ဗျဿတရား(၅)ပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

(ဝိပဿနာတရားအားထုတ်နေသောရောဂီများအတွက်သာ)
ကန်တော့ရသောကောင်းမှုကံစေ‌တနာတို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည်လျင် မြန်စွာမဂ်ဉာဏ်သို့ကျေးဇူးပြု၍ နိဗ္ဗာန်သို့မျက်မှောက်ပြုရပါလို၏အရှင်ဘုရား။

 

အဓိပ္ပါယ်ရှင်းလင်းချက်

အပါယ်(၄)ပါး
၁။ ငရဲ

၂။ တိရစ္ဆာန်

၃။ ပြိတ္တာ

၄။ အသူရကာယ်

ကပ်(၃)ပါး
၁။ သတ္တန္တရကပ် – လက်နက်ကြောင့် သေကြေပျက်စီးရခြင်း

၂။ ရောဂန္တရကပ် – အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း

၃။ ဒုဗ္ဘိက္ခန္တရကပ် – အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း

ရပ်ပြစ်(၈)ပါး

မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသများဖြစ်ကြသည် –

၁။ ဘုရားပွင့်နေဆဲအခါ ငရဲ ၊
၂။ ဘုရားပွင့်နေဆဲအခါ တိရစ္ဆာန် ၊
၃။ ဘုရားပွင့်နေဆဲအခါ ပြိတ္တာ စသော အပါယ်အရပ်
၄။ ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ် ၊

၅။ အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ် ၊

၆။ ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊

၇။ ဘုရားပွင့်ဆဲအခါ တရားနားလည်လောက်သော ဉာဏ်မရှိသူ ၊

၈။ တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊

 

ရန်သူမျိုး(၅)ပါး
၁။ ရေ
၂။ မီး
၃။ မင်း
၄။ ခိုးသူ
၅။ မချစ်မနှစ်သက်သောသူ

 

ဝိပတ္တိတရား(၄)ပါး

ဝိပတ္တိတရားဆိုသည်မှာ ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရလေ၏။

၁။ ကာလဝိပတ္တိ – မင်းဆိုး၊ မင်းယုတ်အုပ်စိုးသောအခါ ကာလ

၂။ ဂတိဝိပတ္တိ – အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်ရခြင်း

၃။ ဥပဓိဝိပတ္တိ – ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း

၄။ ပယောဂဝိပတ္တိ – အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို ကြံစည်မှု စသည့်မကောင်းသော အဖြစ်ဆိုး

 

ဗျဿနတရား(၅)ပါး
၁။ ဉာတိဗျဿန – ဆွေမျိုးပျက်စီးခြင်း

၂။ ဘောဂဗျဿန – စည်းစိမ်ဥစ္စာ ပျက်စီးခြင်း

၃။ ရောဂဗျဿန – အနာရောဂါဖြစ်ခြင်း

၄။ ဒိဋ္ဌိဗျဿန – မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း

၅။ သီလဗျဿန – သီလပျက်ခြင်း

၁။ သောဘဂဝါ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား သည်။ ဣတိပိ ဣမိနာစ ကာရဏေန တစ်ထောင့်ငါးရာကိလေသာတို့ ဝါသနာဓလေ့ အထုံငွေ့မျှ မငွေ့မရိပ် ဝင်းဝင်းဖိတ်သို့ ရွှေစိတ်ပျံသင်း လွန်သန့်ရှင်း၍ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံယူတော်  မူထိုက်သော ဤအကြောင်းကြောင့်လည်း အရဟံ-အရဟံ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

၂။ သောဘဂဝါ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား သည် ဣတိပိဣမိနာစ ကာရဏေန သဗ္ဗဉ်ဉာဏ်အား စွမ်းပ ကားဖြင့် များသင်္ခါရ ဝိကာရနှင့် လက္ခဏပညတ် နိဗ္ဗာန်ဓါတ် ဟု ငါးရုပ်သိရန် ဉေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင် သိတော်မူသော ဤအကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကာ။

၃။ သောဘဂဝါ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား သည်  ဣတိပိဣမိနာစ ကာရဏေန သုံးပါးရှစ်ပါး နှစ်မျိုးအား ဖြင့် ဟောထားပညာ ဉာဏ်ဝိဇ္ဇာတည်း နိဗ္ဗာနဓာတ် အမြိုက် ရပ်သို့ ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည့် အကျင့်စရဏ ဆယ့်ငါးဝနှင့် တကွဥဿုံ ပြည့်စုံတော်မူသော ဤအကြောင်း ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နော-ဝိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင် ကျော်ကြားထင်ရှား တော်မူပါပေသည်တကား။

၄။ သောဘဂဝါ  ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည် ဣတိပိ ဣမိနာစ ကာရဏေန ဒီပင်္ကရာ ထွက်ချာသနင်း ခြေတော် ရင်းမှ မှန်ကင်းသိရီ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင် ဆယ်ခိုင်ပါရမီ စုံပြည့်ညီလျှက် သုံးလီဘဝ များသတ္တ၏ သုခစီးပွား ကျင့်သော အားဖြင့် မိုက်မှားအယူ မိစ္ဆာဟူက ဆံမြူတစ်စိ မကပ်ငြိဘဲ သတိသမ္ပဇဉ် မပြတ်ယှဉ်လျှက် သဗ္ဗဉ်ဉာဏ်တော်ရကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း သုဂတော-သုဂတ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

၅။ သောဘဂဝါ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ် ဘုရားသည် ဣတိပိ ဣမိနာစ ကာရဏေန သတ္တောကာသ သင်္ခါရဟု လောက သုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့် ကောင်းစွာကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့် လည်း လောကဝိဒူ လောကဝိဒူဟူသောဂုဏ်တော်ကြီးဖြင့် အံ့ချီး၍ မကုန်ဗြဟ္မာ့ဘုံတိုင်အောင်ပျံ့လှိုင်ကျော်ကြားထင်ရှားတော် မူပါပေသည်တကား။

၆။ သောဘဂဝါ ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား သည် ဣတိပိ ဣမိနာစကာရဏေန ဆုံးမသင့်ရန်သတ္တဝါ မှန်သော်ခြောက်တန်လျှင်ခြောက်မြှောက်တန်လျှင်မြှောက်၍ အောက် အောက်ထက်ဂုဏ် ဆင့်ဆင့်စုံဖို့ဖုံဖုံသင်ပေး အစဉ် ဖေးလျှက်ယဉ်ကျေးလေအောင်သွေးဆောင်ဆုံးမတော်မူတတ် သောဤအကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသ ဒမ္မသာရထိ ဟူသော ဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင်ပျံ့လှိုင်ကျော်ကြားထင်ရှား တော်မူပါပေသည်တကား။

၇။ သောဘဂဝါ ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား သည် ဣတိပိ ဣမိနာစ ကာရဏေန သတ္ထဝါဟော်ကုန်သည် ကျော်သည်ဖော်လှော်ငယ်သားနောက်ပါများကိုရေရှားဘေးခ ကန္တာရမှခေမမြေငူထုတ်ကယ်ယူသို့ထို့တူတစိခဲယဉ်းဘိသည့် ဇာတိဇရာ မရဏာဟု ကန္တာရကြမ်း ခရီးလမ်းမှ ရွှေနန်းမြေငူ ပြည်နိဗ္ဗူသို့ နတ်လူဗြဟ္မာ သတ္တဝါကို ကောင်းစွာဆောင်ယူ ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝ မနုဿာနံ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင်ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

၈။ သောဘဂဝါ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည် ဣတိပိ ဣမိနာစ ကာရဏေနဒုက္ခ သမုဒယနိရောဓနှင့် မဂ္ဂမည်သာ လေးသစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်၍ သုံးဆိုင်ဝေနေ များဗိုလ်ခြေ ကို မသွေအတူ သိစေတော်မူတတ်သော ဤအကြောင်းကြောင့်လည်း ဗုဒ္ဓေါ၊ ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

၉။ သောဘဂဝါ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား သည် ဣတိပိ ဣမိနာစ ကာရဏေနအနုမြူသဖွယ် ပျောက်ကွယ် သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော အဏိမာ ဘုန်းတော်၊ စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျှင်မြန် ဈာန်ပျံကြွသွားနိုင်သော ‘လဃိမာ” ဘုန်းတော်။ ကိုယ်တော် သဏ္ဌာန် ပုံ ဟန်တိုင်းငြား မနှိုင်းအားဖို့ ကြီးမားလေအောင်ရုပ်ဆောင် ဖန်ဆင်းနိုင်သော ‘မဟိမာ” ဘုန်းတော်။ ဆီးတားကွယ်ကာမရှိပါဘဲ လိုရာတိုင်းပေါက် တစ်ခဏလောက်ဖြင့် ကြွရောက်နိုင်သော ‘ပတ္တိ’ ဘုန်းတော်။ အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တစ်ခဏတည်းဖြင့် ပြီးစီးနိုင်သော ပါကမ္မ ဘုန်းတော်။ ကိုယ်တော်မြတ်၏ စိတ်ဓါတ်တော်မှ စ၍ မကြွင်းလူနတ်မင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော ဤသိတာ ဘုန်းတော်။ သမာပတ်ဈာန် အဘိညာဏ်ကို ဝင်စံလိုကတစ်ခဏချင်းပိုင်ဝင်စားနိုင်သော ဝသိတာ ဘုန်းတော်။ ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော် ဆောလျှင်မသွေ ပြီးဆုံးစေနိုင်သော “ယတ္ထကာမ ဝသာယိတာ” ဘုန်းတော်။ ရှစ်ဖော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ ဣဿရိယဘုန်းတော် ။ ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန် ဖိုလ်မဂ် ကိုးချက်အပြား လောကုတ္တရာတရားဟူသော ဓမ္မ ဘုန်းတော်။ ဟုတ်တိုင်းမှန်စွာဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်းလောကဓါတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်းဟူသော ‘ယသ’ဘုန်းတော်။ ရွှေမျက်နှာတော် လက်ခြေတော်မှစ၍မကြွင်းပင်လုံးဝင်းသည့် ပန်းမင်းအနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပါယ်တော်မူသော ‘သိရီ’ဘုန်းတော်။ အလိုတော်အတိုင်း တောင့်တ တိုင်းပင် မဆိုင်းမတွပြီးစီးရသည့်‘ကာမဘုန်းတော်။တစ်လောကလုံး ညွတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော “ပယတ္တ” ဘုန်းတော်။ ဤခြောက်ဖော်ဂုဏ် ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော ဤအကြောင့်ကြောင့်လည်း ဘဂဝါ၊ ဘဂဝါ ဟူသောဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

ဧဝံန၀ဟိ ဂုဏေဟိ ဤအရဟတာ အစလာသည့် ကိုးဖြာသော ဂုဏ်တော်တို့ဖြင့် လောကမှိ ဘဝဂ်ဆုံးအောင် ဘုံးသုံးဆောင်၌ ကိတ္တိဗျာပိတံ သိမ့်သိမ့်တုန်ခပ် ပဲ့တင်ထပ်မျှနှံစပ်ကျော်စောတော်မူထသော။ အတုလံ-သီလခေါင်ထိ သမာဓိနှင့် ကြီးဘိပညာ လွန်ကဲသာ၍ ပြိုင်လာနှိုင်းသူ အတူလည်း ရှိတော် မမူထသော။ ဓမ္မရာဇာနံ-သုံးဘုံမကိုဋ် သုံးတိုက်သရဖူ သုံးလူ သင်းကျစ် ဓမ္မရာဇ်ထွတ်ထား ရှင်တော်မြတ်ဘုရားကို။ တီဟိ- လက်အုပ်အဉ္ဇလီ နှုတ်သံချီလျှက် ရွှင်ကြည်မနော သုံးပါးသော ဒွါရ တို့ဖြင့်။ သာဒရံ-လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍။ ဝန္ဒာမိ- ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျှက် ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

၁။ ဗုဒ္ဓဂုဏော အနန္တောဟု ကျော်စောထင်ရှား သုံးပါးရပ်သူ နတ်လူဗြဟ္မာ သတ္တဝါကို ခေမာသာခေါင် နိဗ္ဗာန်သောင်သို့ ရွှေဖေါင်မဂ္ဂင် သင်္ဘောယာဉ်ဖြင့် ကယ်တင်ဆောင်ယူ ပို့တော်မူသည့် နတ်လူတို့ထိပ်ပန်း ရဟန်းတို့ဆရာ စိန္တေ ယျာဟု အနန္တဂုဏ်အင် ကျေးဇူးရှင်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေ ဝန္ဒာမိ ဆယ်ဖြာလက်စုံ ကြာပဒုံသို့ ကြည်ယုံညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

၂။ ဓမ္မဂုဏော အနန္တောဟု တည်သောကမ္ဘာ သတ္တဝါလူနတ် အထပ်ထပ် ကို လေးမြတ်ကြင်နာ အဝိဇ္ဇာနှင့်တဏှာ သံယောကိလေတောမှ ဆေးကြော သုတ်သင် မြူမတင်အောင် ရှောင်ကြဉ်ပေတတ် တရားမြတ်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေဝန္ဒာမိ ဆယ်ဖြာလက်စုံ ကြာပဒုံသို့ ကြည်ယုံညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

၃။ သံဃဂုဏော အနန္တောဟု လောဘဒေါသ မောဟကင်းကွာ တဏှာကာမ ကိလေသနှင့် ရာဂအမိုက် နှစ်ခြိုက်မပျော် မမွေ့လျှော်ဘဲ ရှင်တော်ဟော ကြား မြတ်တရားကို မှတ်သားကြည်ညို မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းမှန်သည် မြတ်မွန်ထေရ်ကျော် သံဃာတော်တို့ ဂုဏ်တော်ကြီးစွ အနန္တကို အဟံ အကျွန်ုပ်သည် ဝန္ဒေဝန္ဒာမိ ဆယ်ဖြာလက်စုံ ကြာပဒုံသို့ ကြည်ယုံ ညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

၄။ မာတာပိတုဂုဏော အနန္တောဟု အပြောကျယ်စွာ သံသရာဝယ် မာတာပိတ မိနှင့်ဖတို့ ရေကြည်ကာလ တည်ဦးစက ချိုချဉ်ပူစပ် ရှင်းရှင်းပြတ်အောင် မပြတ်ယုယ မိဘတို့မှာ စိုးရိမ်စွာဖြင့် အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့် မိခင် ကျွေးဖခင်ကို အဟံအကျွန်ုပ်သည် ဝန္ဒေဝန္ဒာမိ ဆယ်ဖြာလက်စုံ ကြာ ပဒုံသို့ ကြည်ယုံညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

၅။ အာစရိယဂုဏော အနန္တောဟု မိန့်ဟော်အရ ကောက်ယူပြသော် နယနည်း နာအဖြာဖြာကို လိမ္မာစေကြောင်း မေတ္တာလောင်း၍ မကောင်းကိုကြဉ် ကောင်းရာယှဉ်လျှက် နှုတ်မြွက်သံချို၊ ဆုံးမဆိုသား အပိုများစွာ သံသရာ ဝယ် သုံးသွယ်သောကပ် လေးရပ်အပါယ် ရှစ်သွယ်ရပ်ပြစ် ဆိုးညစ်ယုတ် မာ အဖြာဖြာကို ခေမာဘုမ္မိ ဘေးမရှိအောင် နိဗ္ဗာန်သောင်သို့ ရောက်အောင် ပြညွှန်း သွန်သင်ပေးတတ် ဆရာမြတ်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေဝန္ဒာမိဆယ်ဖြာလက်စုံ ကြာပဒုံသို့ ကြည်ယုံညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

သန္ဓေယူသောနေ့ ( မ – သန် )
၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စင်္ကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည် … နတ်လူငြိမ်းဖို့ ကိန်းပါကို။

ဖွားမြင်တော်မူသောနေ့ ( သိ – ဖွား )
၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည် … နတ်လူ အောင်မြို့ လမ်းပါကို။

တောထွက်တော်မူသောနေ့ (ကြ – တော)
၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည် … စုံမြိုင်ပင်ရိပ် ခန်းမှာကို။

ဘုရားဖြစ်တော်မူသောနေ့ ( လတ် – ပွင့် )
၄။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိမာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံး ကျော်သည် … သုံးဖော်လူတို့ ငြိမ်းပါကို။

ဓမ္မစကြာဟောတော်မူသောနေ့ ( တွေး – စက် )
၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည် … တရားနတ်စည် ရွှမ်းတယ်ကို။

ပရိနိဗ္ဗာန်စံတော်မူသောနေ့ ( ဆ – စု )
၆။ တရားနတ်စည်၊ ဆော်ရွှမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်, လူ, ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ စံတော်မူသည် … ဝှန်းဆူသောင်းလုံး ကျော်တယ်ကို ။

တေဇောဓာတ်လောင်တော်မူသောနေ့ ( အပ် – သင့်)
၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည် … မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။

ဆုတောင်း
ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ အထွဋ်ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊ ဝန္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည် … ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။

ခင်ပွန်းကြီး (၁၀) ပါး

၁။ ဗုဒ္ဓ – သဗ္ဗညုတ မြတ်စွာဘုရားရှင်
၂။ ပစ္စေကဗုဒ္ဓါ – ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ
၃။ အဂ္ဂသာဝက၊ မဟာသာဝက – မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ
၄။ ရဟန္တာ – အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာ အရှင်မြတ်ကြီးများ
၅။ မာတာ – မွေးသမိခင်
၆။ ပီတု – မွေးသဖခင်
၇။ အာစရိယ – မြတ်ဆရာသမား
၈။ ဝုဒ္ဓါ – သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသောပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်၊ မိမိထက်သိကာအရွယ်ကြီးများသူ
၉။ ဓမ္မကထိက – ဆရာ (ဓမ္မ တို့ကိုဆုံးမတတ်သောဆရာသမားများ)
၁၀။ ဟိတကရ – ထမင်းတစ်လုတ် ရေတစ်မှုတ် စသည်ကိုပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော မိမိကို ကိုယ်၊ နှုတ်၊ နှလုံးဖြင့်ကျေးဇူးပြုဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်များ ကိုဆိုသည်။

 

ခင်ပွန်းကြီး (၁၀) ပါးကန်တော့
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာ၀ကာ။
မာတာပိတု ဂုရုသတ္တာ၊ ဓမ္မဒေသကာ စဒါယကာ။
ဣမေ ဒဿ မဟာဂုဏေ၊ အဟံဝန္ဒာမိ သဗ္ဗဒါ။

 

အနက်အဓိပ္ပာယ်
ဘုရားတပည့်တော်သည် သံသရာအစမှ စ၍ ယနေ့တိုင်အောင်

၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌

၄။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌

၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ အပေါ်၌

၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌

၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌

၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ် တို့၏ အပေါ်၌

၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌

၁၀။ ထမင်းတစ်လုပ်၊ ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့၏ အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။

မဏိရတနာကျောင်းဆရာတော်၏ နေ့အလိုက်ဘုရားရှိခိုး

ဆရာတော် ဘဒ္ဒန္တ ပဏ္ဍဝံသ

ဩကာသ၊ ဩကာသ၊ ဩကာသ၊

ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပတ္တိတရား(၄)ပါး၊ ဗျဿတရား(၅)ပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

(ဝိပဿနာတရားအားထုတ်နေသောရောဂီများအတွက်သာ)
ကန်တော့ရသောကောင်းမှုကံစေ‌တနာတို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည်လျင် မြန်စွာမဂ်ဉာဏ်သို့ကျေးဇူးပြု၍ နိဗ္ဗာန်သို့မျက်မှောက်ပြုရပါလို၏အရှင်ဘုရား။

ရတနာ (၃)ပါး ပူဇော်ခြင်း

ဗုဒ္ဓံ မြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ အရှင်ဘုရား …
ဓမ္မံ တရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ အရှင်ဘုရား …
သံဃံ သံဃာတော်မြတ်အပေါင်းကိုပူဇေမိပူဇော်ပါ၏ အရှင်ဘုရား …

ဘုရားဂုဏ်တော် (၉)ပါး

ဣတိပိသောဘဂဝါ-
၁။   အရဟံ၊
၂။    သမ္မာသမ္ဗုဒ္ဓေါ၊
၃။   ဝိဇ္ဇာစရဏသမ္ပန္နော၊
၄။   သုဂတော၊
၅။   လောကဝိဒူ၊
၆။   အနုတ္တရောပုရိသဓမ္မသာရထိ၊
၇။   သတ္ထာဒေဝမနုဿာနံ၊
၈။   ဗုဒ္ဓေါ၊
၉။   ဘဂဝါ။

တရားဂုဏ်တော် (၆)ပါး

၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော
၂။ သန္ဒိဋ္ဌိကော
၃။ အကာလိကော
၄။ ဧဟိပဿိကော
၅။ သြပနေယိုကာ
၆။ ပစ္စတ္တံ ဝေဒိတဗော ဝိညူဟိ

သံဃာ့ဂုဏ်တော် (၉)ပါး

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၄။ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော၊
၅။ အာဟုနေယျော၊
၆။ ပါဟုနေယျော၊
၇။ ဒက္ခိဏေယျော၊
၈။ အဉ္ဇလိကရဏီယျော၊
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

အနန္တော အနန္တ (၅)ပါး ဘုရားရှိခိုး

၁။ ဗုဒ္ဓဂုဏော အနန္တောဟု ကျော်စောထင်ရှား သုံးပါးရပ်သူ နတ်လူဗြဟ္မာ သတ္တဝါကို ခေမာသာခေါင် နိဗ္ဗာန်သောင်သို့ ရွှေဖေါင်မဂ္ဂင် သင်္ဘောယာဉ်ဖြင့် ကယ်တင်ဆောင်ယူ ပို့တော်မူသည့် နတ်လူတို့ထိပ်ပန်း ရဟန်းတို့ဆရာ စိန္တေ ယျာဟု အနန္တဂုဏ်အင် ကျေးဇူးရှင်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေ ဝန္ဒာမိ ဆယ်ဖြာလက်စုံ ကြာပဒုံသို့ ကြည်ယုံညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

၂။ ဓမ္မဂုဏော အနန္တောဟု တည်သောကမ္ဘာ သတ္တဝါလူနတ် အထပ်ထပ် ကို လေးမြတ်ကြင်နာ အဝိဇ္ဇာနှင့်တဏှာ သံယောကိလေတောမှ ဆေးကြော သုတ်သင် မြူမတင်အောင် ရှောင်ကြဉ်ပေတတ် တရားမြတ်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေဝန္ဒာမိ ဆယ်ဖြာလက်စုံ ကြာပဒုံသို့ ကြည်ယုံညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

၃။ သံဃဂုဏော အနန္တောဟု လောဘဒေါသ မောဟကင်းကွာ တဏှာကာမ ကိလေသနှင့် ရာဂအမိုက် နှစ်ခြိုက်မပျော် မမွေ့လျှော်ဘဲ ရှင်တော်ဟော ကြား မြတ်တရားကို မှတ်သားကြည်ညို မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းမှန်သည် မြတ်မွန်ထေရ်ကျော် သံဃာတော်တို့ ဂုဏ်တော်ကြီးစွ အနန္တကို အဟံ အကျွန်ုပ်သည် ဝန္ဒေဝန္ဒာမိ ဆယ်ဖြာလက်စုံ ကြာပဒုံသို့ ကြည်ယုံ ညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

၄။ မာတာပိတုဂုဏော အနန္တောဟု အပြောကျယ်စွာ သံသရာဝယ် မာတာပိတ မိနှင့်ဖတို့ ရေကြည်ကာလ တည်ဦးစက ချိုချဉ်ပူစပ် ရှင်းရှင်းပြတ်အောင် မပြတ်ယုယ မိဘတို့မှာ စိုးရိမ်စွာဖြင့် အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့် မိခင် ကျွေးဖခင်ကို အဟံအကျွန်ုပ်သည် ဝန္ဒေဝန္ဒာမိ ဆယ်ဖြာလက်စုံ ကြာ ပဒုံသို့ ကြည်ယုံညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

၅။ အာစရိယဂုဏော အနန္တောဟု မိန့်ဟော်အရ ကောက်ယူပြသော် နယနည်း နာအဖြာဖြာကို လိမ္မာစေကြောင်း မေတ္တာလောင်း၍ မကောင်းကိုကြဉ် ကောင်းရာယှဉ်လျှက် နှုတ်မြွက်သံချို၊ ဆုံးမဆိုသား အပိုများစွာ သံသရာ ဝယ် သုံးသွယ်သောကပ် လေးရပ်အပါယ် ရှစ်သွယ်ရပ်ပြစ် ဆိုးညစ်ယုတ် မာ အဖြာဖြာကို ခေမာဘုမ္မိ ဘေးမရှိအောင် နိဗ္ဗာန်သောင်သို့ ရောက်အောင် ပြညွှန်း သွန်သင်ပေးတတ် ဆရာမြတ်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေဝန္ဒာမိဆယ်ဖြာလက်စုံ ကြာပဒုံသို့ ကြည်ယုံညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

ပရိတ်နိဒါန်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ သမန္တာ စက္ကဝါဠေသု၊ အတြာ ဂစ္ဆန္တု ဒေဝတာ။ သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
၂။ ဓမ္မဿဝနကာလော အယံ ဘဒန္တာ။
၃။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၄။ ယေ သန္တာ သန္တစိတ္တာ, တိသရဏသရဏာ, ဧတ္ထ လောကန္တရေဝါ၊ ဘုမ္မာ ဘုမ္မာစ ဒေဝါ, ဂုဏ ဂဏ ဂဟဏ, ဗျာဝဋာ သဗ္ဗကာလံ။ ဧတေ အာယန္တု ဒေဝါ, ဝရ ကနကမယေ, မေရုရာဇေ ဝသန္တော၊ သန္တော သန္တောသဟေတုံ, မုနိ ဝရ ဝစနံ, သောတုမဂ္ဂံ သမဂ္ဂါ။
၅။ သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါ စ ဗြဟ္မနော။ ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
၆။ သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။ ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။
၇။ သာသနဿ စ လောကဿ၊ ဝုဍ္ဎဘဝတု သဗ္ဗဒါ။ သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
၈။ သဒ္ဓိ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။ အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
၉။ ရာဇတော ဝါ စောရတော ဝါ
မနုဿတော ဝါ အမနုဿတော ဝါ
အဂ္ဂိတော ဝါ ဥဒကတောဝါ
ပိသာစတော ဝါ ခါဏုကတော ဝါ
ကဏူကတော ဝါ နက္ခတ္တတော ဝါ
ဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ
အသန္ဒိဋ္ဌိတော ဝါ အသပ္ပုရိသတော ဝါ
စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ
အဟိ ဝိစ္ဆိကမဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ
သူကရ မဟိံ သ ယက္ခ ရက္ခသာဒီဟိ
နာနာဘယတော ဝါ နာနာရောဂတော ဝါ
နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု။

ရတနာ့သုတ်

၁။ ပဏိဓာနတော ပဋ္ဌာယ၊ တထာဂတဿ ဒသ ပါရမိယော၊ ဒသ ဥပပါရမိယော၊ ဒသ ပရမတ္တ ပါရမိယောတိ၊သမတ္တိံသ ပါရမိယော၊ ပဉ္စ မဟာပရိစ္စာဂေ၊ လောကတ္ထစရိယံ ဉာတတ္ထစရိယံ၊ ဗုဒ္ဓတ္ထစရိယန္တိ တိဿော စရိယာယော၊ ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ၊ဇာတိံ အဘိနိက္ခမနံ၊ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ မာရဝိဇယံ၊ သဗ္ဗညုတညာဏပ္ပဋိဝေဓံ၊ ဓမ္မစက္ကပ္ပဝတ္တနံ၊ နဝ လောကုတ္တရဓမ္မေတိ၊ သဗ္ဗေပိမေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ၊ ဝေသာလိယာ တီသု ပါကာရန္တရေသု၊ တိယာမရတ္တိံ ပရိတ္တံ ကရောန္တော၊ အာယသ္မာ အာနန္ဒတ္ထေရော ဝိယ၊ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ။

၂။ ကောဋီသတသဟဿေသု၊ စက္ကဝါဠေသု ဒေဝတာ။ ယဿာဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။

၃။ ရောဂါ မနုဿဒုဗ္ဘိက္ခ သမ္ဘူတံ တိဝိဓံ ဘယံ။ ခိပ္ပ မန္တရ ဓာပေသိ၊ပရိတ္တံ တံဘဏာမ ဟေ။

၄။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု၊ အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

၅။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊ မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊ ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

၆။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ နနော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၇။ ခယံ ဝိရာဂံ အမတံ ပဏီတံ၊ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။ န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၈။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ၊ သမာဓိ မာနန္တရိကည မာဟု၊သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၉။ ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊ စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။ တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊ ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၀။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊ နိက္ကာမိနော ဂေါတမသာသနမှိ။ တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊ လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္စမာနာ။ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၁။ ယထိန္ဒခီလော ပထဝိဿိတော သိယာ၊ စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။ တထူပမံ သပ္ပုရိသံ ဝဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၂။ ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊ ဂမ္ဘီရ ပညေန သုဒေသိတာနိ။ ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊ န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၃။ သဟာဝဿ ဒဿနသမ္ပဒါယ၊ တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊ သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။

၁၄။ စတူဟပါယေဟိ စ ဝိပ္ပမုတ္တော၊ ဆစ္စာဘိ ဌာနာနိ အဘဗ္ဗ ကာတုံ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၅။ ကိဉ္စာပိ သော ကမ္မကရောတိ ပါပကံ၊ ကာယေန ဝါစာ ဥဒ စေတသာ ဝါ။ အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊ အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၆။ ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ။ တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာနဂါမိံ ပရမံ ဟိတာရ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၇။ ဝရော ဝရညူ ဝရဒေါ ဝရာဟရော။ အနုတ္တရော ဓမ္မဝရံ အဒေသယိ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၈။ ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ၊ ဝိရတ္တစိတ္တာ ယတိကေ ဘဝသ္မိံ။ တေ ခီဏဗီဇာ အဝိရုဠှိ ဆန္ဒာ၊ နိဗ္ဗန္တိ ဓီရာ ယထယံ ပဒီပေါ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၉။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။ တထာဂတံ ဒေဝမနုဿပူဇိတံ။ ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။

၂၀။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊ တထာဂတံ ဒေဝမနုဿ ပူဇိတံ။ ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

၂၁။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊ တထာဂတံ ဒေဝမနုဿ ပူဇိတံ၊ သံဃံ နမဿာမ သုဝတ္ထိ ဟောတု။

ရတနာ့ သုတ္တံ နိဋ္ဌိတံ။

မေတ္တသုတ်

၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ။ ယဉှိ စေဝါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။

၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။

၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ နဝသေသာ။ ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။

၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။

မေတ္တသုတ္တံ နိဋ္ဌိတံ။

ဘုရားဂုဏ်တော် (၉)ပါး

ဣတိပိသောဘဂဝါ-
၁။   အရဟံ၊
၂။    သမ္မာသမ္ဗုဒ္ဓေါ၊
၃။   ဝိဇ္ဇာစရဏသမ္ပန္နော၊
၄။   သုဂတော၊
၅။   လောကဝိဒူ၊
၆။   အနုတ္တရောပုရိသဓမ္မသာရထိ၊
၇။   သတ္ထာဒေဝမနုဿာနံ၊
၈။   ဗုဒ္ဓေါ၊
၉။   ဘဂဝါ။

တရားဂုဏ်တော် (၆)ပါး

၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော
၂။ သန္ဒိဋ္ဌိကော
၃။ အကာလိကော
၄။ ဧဟိပဿိကော
၅။ သြပနေယိုကာ
၆။ ပစ္စတ္တံ ဝေဒိတဗော ဝိညူဟိ

သံဃာ့ဂုဏ်တော် (၉)ပါး

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၄။ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော၊
၅။ အာဟုနေယျော၊
၆။ ပါဟုနေယျော၊
၇။ ဒက္ခိဏေယျော၊
၈။ အဉ္ဇလိကရဏီယျော၊
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

အပိတ်

ဧဝံ ဗုဒ္ဓံသရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ။ ဘယံ ဝါ ဆမ္ဘိ တတ္တံ ဝါ၊ လောမဟံသော န ဟေဿတိ။

၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနသ မေန္တု။
၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာ နုဘာဝေန ဝိနာသ မေန္တု။
၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ မေန္တု။

၁။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၂။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၃။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

မေတ္တာဘာဝနာ မေတ္တာပို့

၁။ အဟံ အဝေရောဟောမိ၊ အဗျာပဇ္ဇောဟောမိ၊အနီဃော ဟောမိ၊ သုခိအတ္တာနံ ပရိဟရာမိ၊ ဒုက္ခာမုစ္စာမိ ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆာမိ ကမ္မဿကော။

၂။ ဣမသ္မိံဝိဟာရေ ဣမသ္မိံအာဝါသေ ဣမသ္မိံ အာရာမေ သဗ္ဗေသတ္တာ သဗ္ဗေပါဏာ သဗ္ဗေဘူတာ သဗ္ဗေပုဂ္ဂလာ သဗ္ဗေအတ္တဘာဝပရိယာပန္နာ သဗ္ဗာဣတ္ထိယော သဗ္ဗေပုရိသာ သဗ္ဗေအရိယာ သဗ္ဗေအနရိယာ သဗ္ဗေဒေဝါ သဗ္ဗေမနုဿာ သဗ္ဗေဝိနိပါတိကာ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု သုခီအတ္တာနံ ပရိဟရန္တု ဒုက္ခာမုစ္စန္တု ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု ကမ္မဿကာ။

၃။ မာတာပိတု အာစရိယာ ဉာတိမိတ္တသမူဟာ ဥပါသကာ ဥပါသကီ စတုပစ္စယဒါယကာ ‘အမှာကံ စတု ပစ္စယ ဒါယကာ’ အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု သုခီအတ္တာနံ ပရိဟရန္တု၊ ဒုက္ခာမုစ္စန္တုယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု ကမ္မဿကာ။

၄။ အမှာကံ ဂေါစရဂါမေ ဣမသ္မိံဂါမေ ဣမသ္မိံဂါမခေတ္တေ သဗ္ဗေသတ္တာ သဗ္ဗေပါဏာ သဗ္ဗေဘူတာ သဗ္ဗေပုဂ္ဂလာ သဗ္ဗေအတ္တဘာဝ ပရိယာပန္နာ သဗ္ဗာဣတ္ထိယော သဗ္ဗေပုရိသာ သဗ္ဗေအရိယာ အဗ္ဗေအနရိယာ သဗ္ဗေဒေဝါ သဗ္ဗေမနုဿာ သဗ္ဗေဝိနိပါတိကာ အဝေရာဟောန္တု အဗျာပဇ္ဇါဟောန္တု အနီဃာ ဟောန္တု သုခီအတ္တါနံ ပရိဟရန္တု ဒုက္ခါမုစ္စန္တု ယထာလဒ္ဓသမ္ပတ္တိ တော မာဝိဂစ္ဆန္တု ကမ္မဿကာ။

၅။ ဘုမ္မဋ္ဌဒေဝတာ ရုက္ခဋ္ဌဒေဝတာ အာကာသဋ္ဌဒေဝတာ အာရက္ခဒေဝတာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု သုခီအတ္တာနံ ပရိဟရန္တု ဒုက္ခာမုစ္စန္တု ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု ကမ္မဿကာ။

၆။ ပုရတ္ထိမာယဒိသာယ ပစ္ဆိမာယဒိသာယ ဥတ္တရာယဒိသာယ ဒက္ခိဏာယဒိသာယ ပုရတ္ထိမာယ အနုဒိသာယ ပစ္ဆိမာယ အနုဒိသာယ ဥတ္တရာယ အနုဒိသာယ ဒက္ခိဏာယ အနုဒိသာယ ဟေဋ္ဌိမာယဒိသာယဥပရိမာယ ဒိသာယ သဗ္ဗေ သတ္တာသဗ္ဗေ ပါဏာ သဗ္ဗေဘူတာ သဗ္ဗေပုဂ္ဂလာ သဗ္ဗေအတ္တဘာဝပရိယာ ပန္နာ သဗ္ဗာဣတ္ထိယော သဗ္ဗေပုရိသာ သဗ္ဗေအရိယာ သဗ္ဗေ အနရိယာ သဗ္ဗေဒေဝါ သဗ္ဗေမနုဿာ သဗ္ဗေဝိနိပါ ဒိနိပါတိကာ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု အနီဃာဟော သုခီ အတ္တာနံ ပရိဟရန္တု ဒုက္ခာ မုစ္စန္တု ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု ကမ္မဿကာ။

၇။ ဥဒ္ဓံယာဝ ဘဝဂ္ဂါစ အဓေါယာဝ အဝီစီတော။ သမန္တာစက္ကဝါဠေသု ယေ သတ္တာ ပထဝီစရာ ၊ အဗျာပဇ္ဇာ နိဝေရာစ နိန္ဒုက္ခာစ နုပဒ္ဒဝါ။

၈။ ဥဒ္ဓံယာဝ ဘဝဂ္ဂါစ အခေါယာဝ အဝီစီတော။ သမန္တာစက္ကဝါဠေသု ယေ သတ္တာ ဥဒကေစရာ ၊ အဗျာပဇ္ဇာ နိဝေရာစ နိန္ဒုက္ခာစ နုပဒ္ဒဝါ။

၉။ ဥဒ္ဓံယာဝ ဘဝဂ္ဂါစ အဓေါယာဝ အဝီစီတော။ သမန္တာစက္ကဝါဠေသု ယေ သတ္တာ အာကာသေစရာ ၊ အဗျာပဇ္ဇာ နိဝေရာစ နိန္ဒုက္ခာစ နုပဒ္ဒဝါ။

၁ဝ။ ယံပတ္တံ ကုသလံတဿ အာနုဘာဝေန ပါဏိနော၊ သဗ္ဗေသဒ္ဓမ္မ ရာဇဿ ဉတွာ ဓမ္မံ သုခါဝဟံ။

၁၁။ ပါပုဏန္တု ဝိသုဒ္ဓါယ သုခါယ ပဋိပတ္တိယာ။ အသောက မနုပါယာသံ နိဗ္ဗာန သုခမုတ္တမံ။

၁၂။ စိရတိဋ္ဌတု သဒ္ဓမ္မော ဓမ္မေ ဟောန္တု သဂါရဝါ သဗ္ဗေပိ သတ္တာ ကာလေန သမ္မာ ဒေဝေါ ပဝဿတု

၁၃။ ယထာရက္ခိသု ပေါရာဏာ သုရာဇာနော တထေဝိမံ ရာဇာ ရုက္ခတု ဓမ္မေန အတ္တနောဝ ပဇံ ပဇံ။

အမျှဝေ

ယနေ့ယခု ပြုပြုသမျှ နေ့တိုင်းနေ့တိုင်း ပြုနေသမျှ ကုသလ၏ အဖို့အစုတွေ ကို ကြားကြားသမျှ လူရောနတ်ပါ သတ္တဝါအနန္တတို့အား ရငြားပါစေx၃ (အမျှ)x၃ ဝေငှလိုက်ပါ၏။ အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ နိုင်ကြပါစေကုန်သတည်း။

ကုသိုလ်(အမျှ)x၃ ယူတော်မူကြပါကုန်လော့ (သာဓု)x၃
ကုသိုလ်(အမျှ)x၃ ယူတော်မူကြပါကုန်လော့ (သာဓု)x၃
ကုသိုလ်(အမျှ)x၃ ယူတော်မူကြပါကုန်လော့ (သာဓု)x၃ ပါဘုရား။

“ ဗုဒ္ဓမြတ်စွာ သာသနာ ရှည်ကြာခိုင်ခန့် တည်စေသော်”
“သတ္တဝါဟူသ၍ တရားတွေ့ ချမ်းမြေ့အနွယ် ဖြစ်စေသော်”
“သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်”

သာဓု သာဓု သာဓု ပါဘုရား။

ဩကာသ၊ ဩကာသ၊ ဩကာသ၊

ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပတ္တိတရား(၄)ပါး၊ ဗျဿတရား(၅)ပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

(ဝိပဿနာတရားအားထုတ်နေသောရောဂီများအတွက်သာ)
ကန်တော့ရသောကောင်းမှုကံစေ‌တနာတို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည်လျင် မြန်စွာမဂ်ဉာဏ်သို့ကျေးဇူးပြု၍ နိဗ္ဗာန်သို့မျက်မှောက်ပြုရပါလို၏အရှင်ဘုရား။

ရတနာ (၃)ပါး ပူဇော်ခြင်း

ဗုဒ္ဓံ မြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ အရှင်ဘုရား …
ဓမ္မံ တရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ အရှင်ဘုရား …
သံဃံ သံဃာတော်မြတ်အပေါင်းကိုပူဇေမိပူဇော်ပါ၏ အရှင်ဘုရား …

ဘုရားဂုဏ်တော် (၉)ပါး

ဣတိပိသောဘဂဝါ-
၁။   အရဟံ၊
၂။    သမ္မာသမ္ဗုဒ္ဓေါ၊
၃။   ဝိဇ္ဇာစရဏသမ္ပန္နော၊
၄။   သုဂတော၊
၅။   လောကဝိဒူ၊
၆။   အနုတ္တရောပုရိသဓမ္မသာရထိ၊
၇။   သတ္ထာဒေဝမနုဿာနံ၊
၈။   ဗုဒ္ဓေါ၊
၉။   ဘဂဝါ။

တရားဂုဏ်တော် (၆)ပါး

၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော
၂။ သန္ဒိဋ္ဌိကော
၃။ အကာလိကော
၄။ ဧဟိပဿိကော
၅။ သြပနေယိုကာ
၆။ ပစ္စတ္တံ ဝေဒိတဗော ဝိညူဟိ

သံဃာ့ဂုဏ်တော် (၉)ပါး

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၄။ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော၊
၅။ အာဟုနေယျော၊
၆။ ပါဟုနေယျော၊
၇။ ဒက္ခိဏေယျော၊
၈။ အဉ္ဇလိကရဏီယျော၊
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

အနန္တော အနန္တ (၅)ပါး ဘုရားရှိခိုး

၁။ ဗုဒ္ဓဂုဏော အနန္တောဟု ကျော်စောထင်ရှား သုံးပါးရပ်သူ နတ်လူဗြဟ္မာ သတ္တဝါကို ခေမာသာခေါင် နိဗ္ဗာန်သောင်သို့ ရွှေဖေါင်မဂ္ဂင် သင်္ဘောယာဉ်ဖြင့် ကယ်တင်ဆောင်ယူ ပို့တော်မူသည့် နတ်လူတို့ထိပ်ပန်း ရဟန်းတို့ဆရာ စိန္တေ ယျာဟု အနန္တဂုဏ်အင် ကျေးဇူးရှင်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေ ဝန္ဒာမိ ဆယ်ဖြာလက်စုံ ကြာပဒုံသို့ ကြည်ယုံညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

၂။ ဓမ္မဂုဏော အနန္တောဟု တည်သောကမ္ဘာ သတ္တဝါလူနတ် အထပ်ထပ် ကို လေးမြတ်ကြင်နာ အဝိဇ္ဇာနှင့်တဏှာ သံယောကိလေတောမှ ဆေးကြော သုတ်သင် မြူမတင်အောင် ရှောင်ကြဉ်ပေတတ် တရားမြတ်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေဝန္ဒာမိ ဆယ်ဖြာလက်စုံ ကြာပဒုံသို့ ကြည်ယုံညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

၃။ သံဃဂုဏော အနန္တောဟု လောဘဒေါသ မောဟကင်းကွာ တဏှာကာမ ကိလေသနှင့် ရာဂအမိုက် နှစ်ခြိုက်မပျော် မမွေ့လျှော်ဘဲ ရှင်တော်ဟော ကြား မြတ်တရားကို မှတ်သားကြည်ညို မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းမှန်သည် မြတ်မွန်ထေရ်ကျော် သံဃာတော်တို့ ဂုဏ်တော်ကြီးစွ အနန္တကို အဟံ အကျွန်ုပ်သည် ဝန္ဒေဝန္ဒာမိ ဆယ်ဖြာလက်စုံ ကြာပဒုံသို့ ကြည်ယုံ ညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

၄။ မာတာပိတုဂုဏော အနန္တောဟု အပြောကျယ်စွာ သံသရာဝယ် မာတာပိတ မိနှင့်ဖတို့ ရေကြည်ကာလ တည်ဦးစက ချိုချဉ်ပူစပ် ရှင်းရှင်းပြတ်အောင် မပြတ်ယုယ မိဘတို့မှာ စိုးရိမ်စွာဖြင့် အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့် မိခင် ကျွေးဖခင်ကို အဟံအကျွန်ုပ်သည် ဝန္ဒေဝန္ဒာမိ ဆယ်ဖြာလက်စုံ ကြာ ပဒုံသို့ ကြည်ယုံညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

၅။ အာစရိယဂုဏော အနန္တောဟု မိန့်ဟော်အရ ကောက်ယူပြသော် နယနည်း နာအဖြာဖြာကို လိမ္မာစေကြောင်း မေတ္တာလောင်း၍ မကောင်းကိုကြဉ် ကောင်းရာယှဉ်လျှက် နှုတ်မြွက်သံချို၊ ဆုံးမဆိုသား အပိုများစွာ သံသရာ ဝယ် သုံးသွယ်သောကပ် လေးရပ်အပါယ် ရှစ်သွယ်ရပ်ပြစ် ဆိုးညစ်ယုတ် မာ အဖြာဖြာကို ခေမာဘုမ္မိ ဘေးမရှိအောင် နိဗ္ဗာန်သောင်သို့ ရောက်အောင် ပြညွှန်း သွန်သင်ပေးတတ် ဆရာမြတ်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေဝန္ဒာမိဆယ်ဖြာလက်စုံ ကြာပဒုံသို့ ကြည်ယုံညွတ်ကျိုး လွန်မြတ်နိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။

ပရိတ်နိဒါန်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ သမန္တာ စက္ကဝါဠေသု၊ အတြာ ဂစ္ဆန္တု ဒေဝတာ။ သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
၂။ ဓမ္မဿဝနကာလော အယံ ဘဒန္တာ။
၃။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၄။ ယေ သန္တာ သန္တစိတ္တာ, တိသရဏသရဏာ, ဧတ္ထ လောကန္တရေဝါ၊ ဘုမ္မာ ဘုမ္မာစ ဒေဝါ, ဂုဏ ဂဏ ဂဟဏ, ဗျာဝဋာ သဗ္ဗကာလံ။ ဧတေ အာယန္တု ဒေဝါ, ဝရ ကနကမယေ, မေရုရာဇေ ဝသန္တော၊ သန္တော သန္တောသဟေတုံ, မုနိ ဝရ ဝစနံ, သောတုမဂ္ဂံ သမဂ္ဂါ။
၅။ သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါ စ ဗြဟ္မနော။ ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
၆။ သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။ ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။
၇။ သာသနဿ စ လောကဿ၊ ဝုဍ္ဎဘဝတု သဗ္ဗဒါ။ သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
၈။ သဒ္ဓိ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။ အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
၉။ ရာဇတော ဝါ စောရတော ဝါ
မနုဿတော ဝါ အမနုဿတော ဝါ
အဂ္ဂိတော ဝါ ဥဒကတောဝါ
ပိသာစတော ဝါ ခါဏုကတော ဝါ
ကဏူကတော ဝါ နက္ခတ္တတော ဝါ
ဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ
အသန္ဒိဋ္ဌိတော ဝါ အသပ္ပုရိသတော ဝါ
စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ
အဟိ ဝိစ္ဆိကမဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ
သူကရ မဟိံ သ ယက္ခ ရက္ခသာဒီဟိ
နာနာဘယတော ဝါ နာနာရောဂတော ဝါ
နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု။

မင်္ဂလသုတ်

၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ၊ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။

၂။ ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။ သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ပဏာမ ဟေ။

၃။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ၊ ဝိဟရတိ ဇေတဝနေ၊ အနာထပိဏ္ဍိကဿ အာရာမေ။ အထခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ ဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ၊ တေနုပသင်္ကမိ။ ဥပသင်္ကမိတွာ ဘဂဝန္တံ – အဘိဝါဒေတွာ။ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။

၄။ ဗဟူ ဒေဝါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တ ယုံ။ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။

၅။ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၆။ ပတိရူပ ဒေသဝါသော စ၊ ပုဗ္ဗေ စ ကတ ပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

၇။ ဗာဟုသစ္စ ဉ္စ သိပ္ပဉ္စ၊ ဝိနယောစ သုသိက္ခိတော။ သုဘာသိတာ စ ယာ ဝါစာ။ ဧတံ မင်္ဂလ မုတ္တမံ။

၈။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။ အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၀။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။ အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၂။ ခန္တီစ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ၊ ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၃။ တပေါ စဗြဟ္မစရိယဉ္စ အရိယာသစ္စာန ဒဿနံ၊ နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။

မင်္ဂလသုတ္တံ နိဋ္ဌိတံ။

မေတ္တသုတ်

၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ။ ယဉှိ စေဝါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။

၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။

၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ နဝသေသာ။ ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။

၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။

မေတ္တသုတ္တံ နိဋ္ဌိတံ။

ဗောဇ္ဈင်္ဂသုတ်

၁။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ ဝိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာပမဒ္ဒနေ။

၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။
အဇာတိ မဇရာဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

၃။ ဧဝမာဒိ ဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
ဩသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

၄။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။

ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ’ ပရေ။

၅။ သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ’ တေ သဗ္ဗဒဿိနာ။

မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။

၆။ သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။

ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၇။ ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။

ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

၈။ တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံသု တင်္ခဏေ။

ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၉။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ’ ဘိပီဠိတော။

စုန္ဒတ္ထေရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ။

၁၀။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဌာနသော။

ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၁၁။  ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။

မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ’ နုပ္ပတ္တိဓမ္မတံ။

ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။

ဘုရားဂုဏ်တော် (၉)ပါး

ဣတိပိသောဘဂဝါ-
၁။   အရဟံ၊
၂။    သမ္မာသမ္ဗုဒ္ဓေါ၊
၃။   ဝိဇ္ဇာစရဏသမ္ပန္နော၊
၄။   သုဂတော၊
၅။   လောကဝိဒူ၊
၆။   အနုတ္တရောပုရိသဓမ္မသာရထိ၊
၇။   သတ္ထာဒေဝမနုဿာနံ၊
၈။   ဗုဒ္ဓေါ၊
၉။   ဘဂဝါ။

တရားဂုဏ်တော် (၆)ပါး

၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော
၂။ သန္ဒိဋ္ဌိကော
၃။ အကာလိကော
၄။ ဧဟိပဿိကော
၅။ သြပနေယိုကာ
၆။ ပစ္စတ္တံ ဝေဒိတဗော ဝိညူဟိ

သံဃာ့ဂုဏ်တော် (၉)ပါး

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
၄။ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော၊
၅။ အာဟုနေယျော၊
၆။ ပါဟုနေယျော၊
၇။ ဒက္ခိဏေယျော၊
၈။ အဉ္ဇလိကရဏီယျော၊
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

အပိတ်

ဧဝံ ဗုဒ္ဓံသရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ။ ဘယံ ဝါ ဆမ္ဘိ တတ္တံ ဝါ၊ လောမဟံသော န ဟေဿတိ။

၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနသ မေန္တု။
၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာ နုဘာဝေန ဝိနာသ မေန္တု။
၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ မေန္တု။

၁။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၂။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၃။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

မေတ္တာဘာဝနာ မေတ္တာပို့

၁။ အဟံ အဝေရောဟောမိ၊ အဗျာပဇ္ဇောဟောမိ၊အနီဃော ဟောမိ၊ သုခိအတ္တာနံ ပရိဟရာမိ၊ ဒုက္ခာမုစ္စာမိ ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆာမိ ကမ္မဿကော။

၂။ ဣမသ္မိံဝိဟာရေ ဣမသ္မိံအာဝါသေ ဣမသ္မိံ အာရာမေ သဗ္ဗေသတ္တာ သဗ္ဗေပါဏာ သဗ္ဗေဘူတာ သဗ္ဗေပုဂ္ဂလာ သဗ္ဗေအတ္တဘာဝပရိယာပန္နာ သဗ္ဗာဣတ္ထိယော သဗ္ဗေပုရိသာ သဗ္ဗေအရိယာ သဗ္ဗေအနရိယာ သဗ္ဗေဒေဝါ သဗ္ဗေမနုဿာ သဗ္ဗေဝိနိပါတိကာ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု သုခီအတ္တာနံ ပရိဟရန္တု ဒုက္ခာမုစ္စန္တု ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု ကမ္မဿကာ။

၃။ မာတာပိတု အာစရိယာ ဉာတိမိတ္တသမူဟာ ဥပါသကာ ဥပါသကီ စတုပစ္စယဒါယကာ ‘အမှာကံ စတု ပစ္စယ ဒါယကာ’ အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု သုခီအတ္တာနံ ပရိဟရန္တု၊ ဒုက္ခာမုစ္စန္တုယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု ကမ္မဿကာ။

၄။ အမှာကံ ဂေါစရဂါမေ ဣမသ္မိံဂါမေ ဣမသ္မိံဂါမခေတ္တေ သဗ္ဗေသတ္တာ သဗ္ဗေပါဏာ သဗ္ဗေဘူတာ သဗ္ဗေပုဂ္ဂလာ သဗ္ဗေအတ္တဘာဝ ပရိယာပန္နာ သဗ္ဗာဣတ္ထိယော သဗ္ဗေပုရိသာ သဗ္ဗေအရိယာ အဗ္ဗေအနရိယာ သဗ္ဗေဒေဝါ သဗ္ဗေမနုဿာ သဗ္ဗေဝိနိပါတိကာ အဝေရာဟောန္တု အဗျာပဇ္ဇါဟောန္တု အနီဃာ ဟောန္တု သုခီအတ္တါနံ ပရိဟရန္တု ဒုက္ခါမုစ္စန္တု ယထာလဒ္ဓသမ္ပတ္တိ တော မာဝိဂစ္ဆန္တု ကမ္မဿကာ။

၅။ ဘုမ္မဋ္ဌဒေဝတာ ရုက္ခဋ္ဌဒေဝတာ အာကာသဋ္ဌဒေဝတာ အာရက္ခဒေဝတာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု သုခီအတ္တာနံ ပရိဟရန္တု ဒုက္ခာမုစ္စန္တု ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု ကမ္မဿကာ။

၆။ ပုရတ္ထိမာယဒိသာယ ပစ္ဆိမာယဒိသာယ ဥတ္တရာယဒိသာယ ဒက္ခိဏာယဒိသာယ ပုရတ္ထိမာယ အနုဒိသာယ ပစ္ဆိမာယ အနုဒိသာယ ဥတ္တရာယ အနုဒိသာယ ဒက္ခိဏာယ အနုဒိသာယ ဟေဋ္ဌိမာယဒိသာယဥပရိမာယ ဒိသာယ သဗ္ဗေ သတ္တာသဗ္ဗေ ပါဏာ သဗ္ဗေဘူတာ သဗ္ဗေပုဂ္ဂလာ သဗ္ဗေအတ္တဘာဝပရိယာ ပန္နာ သဗ္ဗာဣတ္ထိယော သဗ္ဗေပုရိသာ သဗ္ဗေအရိယာ သဗ္ဗေ အနရိယာ သဗ္ဗေဒေဝါ သဗ္ဗေမနုဿာ သဗ္ဗေဝိနိပါ ဒိနိပါတိကာ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု အနီဃာဟော သုခီ အတ္တာနံ ပရိဟရန္တု ဒုက္ခာ မုစ္စန္တု ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု ကမ္မဿကာ။

၇။ ဥဒ္ဓံယာဝ ဘဝဂ္ဂါစ အဓေါယာဝ အဝီစီတော။ သမန္တာစက္ကဝါဠေသု ယေ သတ္တာ ပထဝီစရာ ၊ အဗျာပဇ္ဇာ နိဝေရာစ နိန္ဒုက္ခာစ နုပဒ္ဒဝါ။

၈။ ဥဒ္ဓံယာဝ ဘဝဂ္ဂါစ အခေါယာဝ အဝီစီတော။ သမန္တာစက္ကဝါဠေသု ယေ သတ္တာ ဥဒကေစရာ ၊ အဗျာပဇ္ဇာ နိဝေရာစ နိန္ဒုက္ခာစ နုပဒ္ဒဝါ။

၉။ ဥဒ္ဓံယာဝ ဘဝဂ္ဂါစ အဓေါယာဝ အဝီစီတော။ သမန္တာစက္ကဝါဠေသု ယေ သတ္တာ အာကာသေစရာ ၊ အဗျာပဇ္ဇာ နိဝေရာစ နိန္ဒုက္ခာစ နုပဒ္ဒဝါ။

၁ဝ။ ယံပတ္တံ ကုသလံတဿ အာနုဘာဝေန ပါဏိနော၊ သဗ္ဗေသဒ္ဓမ္မ ရာဇဿ ဉတွာ ဓမ္မံ သုခါဝဟံ။

၁၁။ ပါပုဏန္တု ဝိသုဒ္ဓါယ သုခါယ ပဋိပတ္တိယာ။ အသောက မနုပါယာသံ နိဗ္ဗာန သုခမုတ္တမံ။

၁၂။ စိရတိဋ္ဌတု သဒ္ဓမ္မော ဓမ္မေ ဟောန္တု သဂါရဝါ သဗ္ဗေပိ သတ္တာ ကာလေန သမ္မာ ဒေဝေါ ပဝဿတု

၁၃။ ယထာရက္ခိသု ပေါရာဏာ သုရာဇာနော တထေဝိမံ ရာဇာ ရုက္ခတု ဓမ္မေန အတ္တနောဝ ပဇံ ပဇံ။

အမျှဝေ

ယနေ့ယခု ပြုပြုသမျှ နေ့တိုင်းနေ့တိုင်း ပြုနေသမျှ ကုသလ၏ အဖို့အစုတွေ ကို ကြားကြားသမျှ လူရောနတ်ပါ သတ္တဝါအနန္တတို့အား ရငြားပါစေx၃ (အမျှ)x၃ ဝေငှလိုက်ပါ၏။ အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ နိုင်ကြပါစေကုန်သတည်း။

ကုသိုလ်(အမျှ) ယူတော်မူကြပါကုန်လော့ (သာဓု)x၃
ကုသိုလ်(အမျှ) ယူတော်မူကြပါကုန်လော့ (သာဓု)x၃
ကုသိုလ်(အမျှ) ယူတော်မူကြပါကုန်လော့ (သာဓု)x၃ ပါဘုရား။

“ ဗုဒ္ဓမြတ်စွာ သာသနာ ရှည်ကြာခိုင်ခန့် တည်စေသော်”
“သတ္တဝါဟူသ၍ တရားတွေ့ ချမ်းမြေ့အနွယ် ဖြစ်စေသော်”
“သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်”

သာဓု သာဓု သာဓု ပါဘုရား။