ပိဋကတ် သုံးပုံ

ပိဋကတ် သုံးပုံ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓဝစန) များကို ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။

ဂေါတမမြတ်စွာဘုရား၏ “အနေကဇာတိသံသာယံ” အစချီကာ “ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ”အဆုံး လေးဆယ့်ငါးဝါ ကာလပါတ်လုံး လှည့်လည်ဟောကြားထားသော အဆုံးအမ တရားတော်များကို မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန် စံအပြီးသုံးလအကျော် (ခရစ်တော်မပေါ်မီ -ဘီစီ ၄၈၃) တွင် တတိယသာဝက ရှင်မဟာကဿပ၊ ဝိနည်း ဧတဒဂ်ရ အရှင်ဥပါလိနှင့် သတိမမေ့မလျော့သည့်အရာ၊ပညာလျင်သည့်အရာစသည့် ဧတဒဂ်ငါးဘွဲ့ရ ညီတော်အာနန္ဒာ အမှူးပြုသော ပဋိသမ္ပိဒဆဠာဘိဉာရဟန္တာအရှင်မြတ် အပါး ၅၀၀ က ခုနှစ်လတိုင်တိုင် အမျိုးအစားအလိုက်၊အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး မှတ်တမ်းခဲ့ပြီးနောက် ပိဋကတ်သုံးပုံ စတင်ပေါ်ပေါက်ခဲ့ပါသည်။

သင်္ဂါယနာတင်ခြင်း