Skip to content
ဗုဒ္ဓ၏တရားတော်များ

ဗုဒ္ဓ၏တရားတော်များ

Menu
  • မူလစာမျက်နှာ
  • ဘုရားရှိခိုး
  • ပရိတ်ကြီး ၁၁ သုတ်
    • ပရိတ်ကြီး ၁၁ သုတ်ဟူသည်
    • မင်္ဂလသုတ်
    • ရတနသုတ်
    • မေတ္တသုတ်
    • ခန္ဓသုတ်
    • မောရသုတ်
    • ဝဋ္ဋသုတ်
    • ဓဇဂ္ဂသုတ်
    • အာဋာနာဋိယသုတ်
    • အင်္ဂုလိမာလသုတ်
    • ဗောဇ္ဈင်္ဂသုတ်
    • ပုဗ္ဗဏှသုတ်
  • ပဌာန်း
    • ပဌာန်းဟူသည်
    • ပစ္စယု‌ဒ္ဒေသ
    • ပစ္စယနိဒ္ဒေသ
    • မဟာပဋ္ဌာန်းကျမ်း
  • ထင်ရှားသုတ္တန်များ
    • ဓမ္မစကြာ
    • မဟာသမယသုတ်
    • ဓာရဏသုတ်ပရိတ်တော်
  • ဂါထာတော်များ
  • ပိဋကတ်ဟူသည်
Menu

ခန္ဓသုတ်

ဗုဒ္ဓ၏တရားတော်များ

ခန္ဓသုတ်

ပါဠိ
မြန်မာ
အနက်
အကျိုး
ပါဠိ

၁။ သဗ္ဗာသီဝိသဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ဝိယ။ ယံ နာသေတိ ဝိသံ ဃောရံ သေသဉ္စာပိ ပရိဿယံ။

၂။ အာဏာခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။ သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ ဝိရူပက္ခေဟိ မေ မေတ္တံ မေတ္တံ ဧရာပထေဟိ မေ။ ဆဗျာပုတ္တေဟိ မေ မေတ္တံ မေတ္တံ ကဏှာဂေါတမကေဟိ စ။

၄။ အပါဒကေဟိ မေ မေတ္တံ မေတ္တံ ဒွိပါဒကေဟိ မေ။ စတုပ္ပဒေဟိ မေ မေတ္တံ မေတ္တံ ဗဟုပ္ပဒေဟိ မေ။

၅။ မာမံ အပါဒကော ဟိံသိ၊ မာမံ ဟိံသိ ဒွိပါဒကော။ မာမံ စတုပ္ပဒေါ ဟိံသိ၊ မာမံ ဟိံသိ ဗဟုပ္ပဒေါ။

၆။ သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကေဝလာ။ သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကိဉ္စိ ပါပ မာဂမာ။

၇။ အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။ အပ္ပမာဏော သံဃော ပမာဏဝန္တာနိ သရီသပါနိ။ အဟိ ဝိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။

၈။ ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ ပဋိက္ကမန္တု ဘူတာနိ။ သောဟံ နမော ဘဂဝတော။ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

ခန္ဓသုတ္တံ နိဋ္ဌိတံ။

မြန်မာ

၁။ သပ်ဗာသီဝိသ-ဇာတီနံ၊ ဒိတ်ဗ-မန်တာ ဂဒံ ဝိယ။ ယံ နာသေတိ ဝိသံ ဃောရံ၊ သေသင်စာပိ ပရိတ်သယံ။

၂။ အာဏာ-ခစ်တန်မှိ သပ်ဗတ်ထ၊ သပ်ဗဒါ သပ်ဗ-ပါဏိနံ။ သပ်ဗ-သောပိ နိဝါရေတိ၊ ပရိတ်တံ တံ ဘဏာမ ဟေ။

၃။ ဝိရူပက်ခေဟိ မေ မစ်တံ၊ မစ်တံ အေရာပထေဟိ မေ။ ဆ-ဗျာ ပုတ်တေဟိ မေ မစ်တံ၊ မစ်တံ ကန်ဏှာ ဂေါတမကေဟိ စ။

၄။ အပါဒကေဟိ မေ မစ်တံ၊ မစ်တံ ဒွိပါဒကေဟိ မေ။ စတုပ် ပဒေဟိ မေ မစ်တံ၊ မစ်တံ ဗဟုပ်ပဒေဟိ မေ။

၅။ မာ မံ အ-ပါဒကော ဟိန်သိ၊ မာ မံ ဟိန်သိ ဒွိပါဒကော။ မာ မံ စတုပ်ပဒေါ ဟိန်သိ၊ မာ မံ ဟိန်သိ ဗဟုပ်ပဒေါ။

၆။ သပ်ဗေ သတ်တာ သပ်ဗေ ပါဏာ၊ သပ်ဗေ ဘူတာ စ ကေဝလာ။ သပ်ဗေ ဘတ်ဒရာနိ ပတ်သန်တု၊ မာ ကိန်စိ ပါပ မာဂမာ။

၇။ အပ်-ပမာဏော ဗုတ်ဓော၊ အပ်-ပမာဏော ဓမ်မော။ အပ်-ပမာဏော သံဃော၊ ပမာဏဝန်တာနိ သရီသပါနိ။ အဟိ ဝိတ်ဆိကာ သတပဒီ၊ အုန်န-နာဘီ သရဖူ မူသိကာ။

၈။ ကတာ မေ ရက်ခါ, ကတံ မေ ပရိတ်တံ၊ ပတိတ်ကမန်တု ဘူတာနိ။ သောဟံ နမော ဘဂဝတော၊ နမော သတ်တန်နံ သမ်မာသမ်ဗုတ်ဓာနံ။

ခန်ဓ-သုတ်တံ နိတ်ထိတံ။

အနက်

ဤခန္ဓသုတ် ပရိတ်တော်သည် နတ်ဆေး နတ်မန္တရားနှင့် တူ၏။ မြွေလေးမျိုးတို့၏ ပြင်းထန်သော အဆိပ်ကို ပျောက်ကင်းစေ၏။

အာဏာခေတ်ဟုခေါ်သော စကြဝဠာ ကုဋေတသိန်း အတွင်း၌ သတ္တဝါအများရှိကြ၏။ မြွေမှတပါး ကျန်သော သတ္တဝါတို့၏ ဘေးရန်ကိုလည်း တားမြစ်နိုင်စွမ်းပေ၏။ ထိုပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။

ဝိရူပက္ခ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဧရာပထ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဆဗျာပုတ္တ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ကဏှာဂေါတမ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။

အခြေမဲ့သော သတ္တဝါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါ၊ ခြေထောက်များစွာရှိသော သတ္တဝါ၊ ဤသတ္တဝါအားလုံးနှင့် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် အတူတကွ ဖြစ်ပါစေသတည်း။

အခြေမဲ့သော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ အခြေနှစ်ချောင်းရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေလေးချောင်းရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေထောက်များစွာရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။

အာရုံငါးပါးကို ခုံမင်တတ်သော သတ္တဝါအားလုံးတို့သည်လည်းကောင်း၊ အသက်ရှူရှိုက်တတ်သော သတ္တဝါ အားလုံးတို့သည်လည်းကောင်း၊ ကိုယ်ကာယ အထင်အရှားဖြစ်သော သတ္တဝါအားလုံးတို့သည်လည်းကောင်း၊ သတ္တဝါတိုင်း သတ္တဝါတိုင်းသည် အကောင်း အမြတ်တို့ကိုသာ မြင်ကြပါစေ။ အနည်းငယ်မျှပင် မကောင်းမှုသို့ မရောက်ကြပါစေနှင့်။

(ကိလေသာသည် နှိုင်းယှဉ်စရာ အကြောင်းပမာဏဖြစ်၏။) မြတ်စွာဘုရားသည် ပမာဏပြုစရာ ကိလေသာမရှိ။ တရားတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ သံဃာတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ ကင်း၊ သန်း၊ မြွေ၊ ကင်းပုစွန်၊ ကင်းခြေများ၊ ပင့်ကူ (ပင့်ကူနက်)၊ တက်တူ (အိမ်မြှောင်)၊ ကြွက်စသော သတ္တဝါတို့သည် ပမာဏပြုစရာ ကိလေသာ ရှိကြကုန်၏။

ကျွန်ုပ်သည် အစောင့်အရှောက်ကို ပြုအပ်ပြီ။ အရံအတားကို ပြုအပ်ပြီ။ သတ္တဝါတို့သည် ဖဲရှောင်ကြကုန်လော့၊ ကျွန်ုပ်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ ဝိပဿီ စသော ဘုရားခုနှစ်ဆူတို့အားလည်း ဦးညွှတ်ရှိခိုးပါ၏။

အကျိုး

မြွေဘေးကင်းနိုင်သည်။ အခြားအဆိပ်ရှိသော သတ္တဝါတို့ ဘေးမှလည်း လွတ်နိုင်သည်။ မြွေကိုက် ကင်းကိုက် ခံရသော အခါမျိုး၌လည်း အကြိမ်ကြိမ် ရွတ်နိုင်သည်။ ဘေးရန်ကို ကျော်လွန်နိုင်ပေသည်။

© 2025 ဗုဒ္ဓ၏တရားတော်များ | Powered by Superbs Personal Blog theme