ဗုဒ္ဓ၏တရားတော်များ
မေတ္တသုတ်
၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ။ ယဉှိ စေဝါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ နဝသေသာ။ ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။
၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
၁။ ယတ်သာ နုဘာဝ-တော ယက်ခါ၊ နေဝ ဒတ်သင်တိ ဘီသနံ။ ယင်ညှိ စေဝါ- နုယုန်ဇန်တော၊ ရတ်တိန်ဒိဝ-မ တန်ဒိတော။
၂။ သုခံ သုပတိ သုတ်တော စ၊ ပါပံ ကိန်စိ န ပတ်သတိ။ အေ၀မာဒိဂုဏူပေတံ၊ ပရိတ်တံ တံ ဘဏာမ ဟေ။
၃။ ကရဏီယ-မတ်ထ-ကုသလေန၊ ယန်တ-သန်တံ ပဒံ အဘိသမစ်စ။ သက်ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စတ်သ မုဒု အနတိမာနီ။
၄။ သန်တုတ်သကော စ သုဘရော စ၊ အပ်ပ-ကိတ်စော စ သန်လဟုက-ဝုတ်တိ။ သန်တိန်ဒရိယော စ နိပကော စ၊ အပ် ပဂတ်ဗော ကုလေသွ နနုဂိတ်ဓော။
၅။ န-စ-ခုတ်ဒ-မာစရေ ကိန်စိ၊ ယေန ဝိန်ညူ ပရေ အုပ-ဝဒေယုံ။ သုခိနောဝ ခေမိနော ဟွန်တု၊ သပ်ဗ-သတ်တာ ဘဝန်တု သုခိတတ်တာ။
၆။ ယေ ကေစိ ပါဏ-ဘူတတ်ထိ၊ တသာ ဝါ ထာဝရာဝ-နဝသေသာ။ ဒီဃာ ဝါ ယေဝ မဟန်တာ၊ မစ်ဈိမာ ရတ်သကာ အဏုက-ထူလာ။
၇။ ဒိတ်ထာ ဝါ ယေ၀ အ-ဒိတ်ထာ၊ ယေ ဝ ဒူရေ ဝသန်တိ အ-ဝိဒူရေ။ ဘူတာ ဝ သမ်ဘဝေသီ ဝ၊ သတ်ဗ-သတ်တာ ဘဝန်တု သုခိတတ်တာ။
၈။ န ပရော ပရံ နိကုပ်ဗေထ၊ နာတိ မင်ညေထ ကတ်ထ-စိ န ကင်စိ။ ဗျာရောသနာ ပတိဃသင်ည၊ နင်ည မင်ညတ်သ ဒုတ်ခ မိတ်ဆေယ။
၉။ မာတာ ယထာ နိယံ ပုတ်တ၊ မာယုသာ အေက ပုတ်တ မနုရက်ခေ။ အေဝမ်ပိ သပ်ဗ-ဘူတေသု၊ မာနသံ ဘာဝယေ အ-ပရိမာဏံ။
၁၀။ မစ်တင်စ သပ်ဗ-လောကတ်သမိန်၊ မာနသံ ဘာဝယေ အ-ပရိမာဏံ။ အုတ်ဓံ အဓော စ တိရိယင်စ၊ အ-သမ်ဗာဓံ အ-ဝေရ မ-သပတ်တံ။
၁၁။ တိတ်ထံ စရံ နိသိန်နော ဝ၊ သယာနော ယာဝတတ်သ ဝိတ မိတ်ဓော။ အေတံ သတိန် အဓိတ်ထေယ၊ ဗြန်မ မေတံ ဝိဟာရ-မိဓ-မာဟု။
၁၂။ ဒိတ်ထိန် စ အနုပက်ဂမ်မ၊ သီလ-ဝါ ဒတ်သနေန သမ်ပန်နော။ ကာမေသု ဝိနေယ ဂေဓံ၊ န ဟိ ဇာတုတ်-ဂတ်ဘ သေယ ပုန ရေတိ။
မစ်တ-သုတ်တံ နိတ်ထိတံ။
၁။ မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်
အာနုဘော်ကြောင့် ဘီလူးကြမ်းတို့သည်
ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိ
သော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေ
ကုန်၊ မေတ္တာ သုတ်ပရိတ်တော်ကို ညဉ့်အခါ
၌လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊
မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်
၂။ ချမ်းသာစွာအိပ်ရ၏။
အိပ်သော်လည်း မကောင်းသော အိမ်မက်ကို
တစိုးတစိမျှ မမြင်မက်၊ ဤသို့ အစရှိသော
ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော
မေတ္တာသုတ်ပရိတ်တော်ကို
အို – သူတော်ကောင်းတို့ ငါတို့ ရွတ်ဖတ်ကြ
ပါကုန်စို့။
၃။ လောကီ လောကုတ္တရာအကျိုးစီးပွား၌
လိမ္မာသောသူသည် ငြိမ်သက်အေးချမ်း
သော နိဗ္ဗာန်ကိုအာရုံပြု၍ ဤဆိုလတ္တံ့သော
သူတော်ကောင်းနည်း လမ်းကို ကျင့်ကြံ
အားထုတ် ပြုလုပ်အပ်၏။ ကိုယ် နှင့်အသက်
တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ် ခြင်းငှာ
စွမ်းနိုင်ရာ၏။ ကိုယ်နှုတ်နှစ်ပါး ရိုးသား
ဖြောင့်မတ်ရာ၏။ စိတ်သဘောထား ကောင်း
စွာ ဖြောင့်မတ်ရာ၏။ ဆိုဆုံးမလွယ်ရာ၏။
နူးညံ့ သိမ်မွေ့ရာ၏။ သူတပါးအပေါ်
ထောင်လွှားသော မာန်မာနမရှိရာ။
၄။ ရောင့်ရဲလွယ်ရာ၏။ မွေးမြူလွယ်ရာ၏။
နည်းပါးသော အမှုကိစ္စရှိရာ၏။
ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏။
ငြိမ်သက်သော အိန္ဒြေရှိရာ၏။
အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော
ဉာဏ်ပညာရှိရာ၏။ ကိုယ်နှုတ်နှလုံးသုံးပါး
လုံး ရုန့်ရင်းကြမ်းတမ်းမှု မရှိရာ။ ဒါယကာ
တို့၌ တွယ်တာမက်မောမှု မရှိရာ။
၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော
တစ်စုံတစ်ခုသော မကောင်းမှုကို
အနည်းငယ်မျှသော်လည်း မပြုမလုပ်ရာ၊
ခပ်သိမ်းသော သတ္တဝါတို့သည်
ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်၏ ချမ်းသာခြင်းနှင့်
ပြည့်စုံကြပါစေကုန်သတည်း၊ ဘေးရန်
ဥပဒ္ဒဝေါ မရှိကြပါစေကုန် သတည်း။
၆။ အကြွင်းမရှိ အလုံးစုံ ထွက်သွက်ဝင်သက်
ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊
ထိတ်လန့်တတ်သော သတ္တဝါ၊ တည်ကြည်
ငြိမ်သက်သော သတ္တဝါ၊ ရှည်သော သတ္တဝါ၊
တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမ
ရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊
ငယ်သော သတ္တဝါ၊ မကြီးမ ငယ်သော
သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုသော
သတ္တဝါ၊ မဆူမကြုံသော သတ္တဝါ။
၇။ မျက်စိဖြင့်မြင်ကောင်းသော သတ္တဝါ၊
မျက်စိ ဖြင့် မမြင်ကောင်းသော သတ္တဝါ၊
အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော
သတ္တဝါ၊ ထင်ရှား ဖြစ်ပေါ်ပြီးသော သတ္တဝါ၊
ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံ
သော သတ္တဝါတို့သည် ကိုယ် စိတ်နှစ်ဖြာ
ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။
၈။ တစ်ယောက်သောသူက တစ်ယောက်
သောသူ ကို အမျက်မထွက်ပါစေလင့်၊
တစ်စုံတစ်ခုသော အမှု ကိစ္စ၌ တစ်ယောက်
သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲ
ချုပ်ချယ်သော ကာယကံ ဝစီကံ ဖြင့်
လည်းကောင်း၊ခိုက်ရန်မျက်ပွား အငြိုး ထား
သော စိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်
မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊
အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေ
လင့်။
၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ဦး
တည်းသော သားငယ်ကို အသက်အတွက်
ကြောင့် အဖန်တလဲလဲစောင့်ရှောက်သကဲ့သို့
ဤနည်း အတူသာလျှင် ခပ်သိမ်းသော
သတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာ
စိတ်ကို ပွားစေ ရာ၏။
၁၀။ ကာမဘဝတည်းဟူသော အောက်
လောက၌လည်းကောင်း၊ ရူပဘဝတည်း
ဟူသော အလယ်လောက၌လည်းကောင်း၊
အရူပဘဝ တည်းဟူသော အထက်
လောက၌လည်းကောင်း၊ ဤလောကသုံးပါး
တို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်းခြင်း
လည်းမရှိ ကိုယ်တွင်းဘေးရန် လည်းမရှိ၊
အပဘေးရန်လည်းမရှိ၊ အတိုင်းမသိ ချစ်ခင်
မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေ
ရာ၏။
၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေ
စဉ်သော်လည်းကောင်း၊ ထိုင်နေစဉ်သော်
လည်းကောင်း၊ လဲလျောင်းနေစဉ်သော်
လည်းကောင်း၊ မအိပ်မငိုက်သမျှ ကာလ
ပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်
နှင့် ယှဉ်၍ နေထိုင်ခြင်းကို “မြတ်သော
နေထိုင်ခြင်း” ဟူ၍ မြတ်စွာဘုရားတို့ ဟော
တော်မူကုန်၏။
၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်
ပြုလုပ်သောသူသည် အမြင်ဖောက်ပြန် မိစ္ဆာ
ဉာဏ်သို့ မကပ်မရောက်သောကြောင့်
လောကုတ္တရာသီလ ရှိသည်ဖြစ်၍ မဂ်ဉာဏ်
အမြင် နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ
ကိလေသာကာမ တို့၌ တပ်မက်မောခြင်း
ကင်းသောကြောင့် နောက် တဖန် အမိဝမ်း
တွင်း ပဋိသန္ဓေနေခြင်းသို့ ဧကန်မရောက်
တော့ပြီ။ ။
မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူတို့မှာ ဘီလူးသရဲစသော မကောင်းဆိုးဝါးတို့၏ အခြောက်အလှန့်မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ ချမ်းသာစွာ အိပ်ရခြင်း၊ နိုးရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ်လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာကင်းခြင်းမှစ၍ ဗြဟ္မာ့ဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်းရှိလေသည်။