ဗုဒ္ဓ၏တရားတော်များ
အင်္ဂုလိမာလသုတ်
၁။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။ ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။
၂။ သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။ ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ယတော ဟံ ဘဂိနိ အရိယာယ၊ ဇာတိယာ ဇာတော၊ နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊ တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ။
အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။
၁။ ပရိတ်တံ ယံ ဘဏန်တတ်သ နိသိန်နတ်ထာန ဓောဝနံ အုဒကမ်ပိ ဝိနာသေတိ သတ်ဗ-မေဝ ပရိတ်သယံ
၂။ သွတ်ထိနာ ဂတ်ဘ-ဝုတ်ထာနံ ယင်စ သာဓေတိ တင်ခဏေ ထေရတ်-သင်ဂုလိမာလတ်သ လောကနာထေန ဘာသိတံ ကပ်ပတ်ထာယိမ် မဟာတေဇံ ပရိတ်တံ တံဘဏာမ ဟေ
၃။ ယ-တော ဟံ ဘဂိနိ အရိယာယ၊ ဇာတိယာ ဇာတော နာဘိဇာနာမိ သင်စိတ်စ-ပါဏံ ဇီဝိတာ ဝေါရောပေတာ တေန သစ်စေန သွတ်ထိ တေ ဟောတု သွတ်ထိ ဂတ်ဗတ်သ
အင်ဂုလိမာလသုတ်တံ နိတ်ထိတံ
၁။ အိုသူတော်ကောင်းတို့ အကြင် အင်္ဂုလိမာလသုတ်တော်ကို ရွတ်ဆိုသော ပုဂ္ဂိုလ်၏ နေရာထိုင်ခုံကို ဆေးကြောင်းဖြစ်သော ရေသော်မှလည်း အလုံးစုံသာလျှင် ဖြစ်သောဘေးရန်ကို ကင်းပျောက်စေနိုင်၏
၂။ အကြင် အင်္ဂုလိမာလသုတ်တော်သည် ပရိတ်ရွတ်စဉ် ထိုအခိုက်၌ပင် ချမ်းချမ်းသာသာဖြင့် ကိုယ်ဝန်မှထ မွေးဖွားရခြင်းကိုလည်း ပြီးစေနိုင်ပေ၏ အင်္ဂုလိမာလမည်သော မထေရ်အား မြတ်စွာဘုရားသည် ဟောတော်မူအပ်သော ကမ္ဘာဆုံးသည်ထိ တည်တတ်သော သဘာဝရှိသော ကြီးမားသော အစွမ်းရှိသော ထိုအင်္ဂုလိမာလသုတ် ပရိတ်တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။
၃။ နှမငါသည် အကြင်အခါမှစ၍ အရိယာဇာတ်ဖြင့်ဖြစ်ခဲ့၏ ထိုအခါမှစ၍ သေစေလိုသော စေတနာဖြင့် အားထုတ်၍ သတ္တဝါကို ဇီဝိတိန္ဒြေမှ ချခဲ့ သတ်ခဲ့သည် ဟူ၍မသိပေ၊ ထိုသစ္စာစကားကြောင့် သင့်အားချမ်းသာခြင်းသည်ဖြစ်စေသတည်း။ သူငယ်၏ချမ်းသာခြင်းသည် ဖြစ်စေသတည်း။
အင်္ဂုလိမာလသုတ် မြန်မာပြန်ပြီး၏။
အမျိုးသမီးများ မီးဖွားရလွယ်ကူစေရန်နှင့် မီးဖွားရာတွင် ခက်ခဲနေပါက ဤသုတ်ကို ပရိတ်ရေဖြစ်အောင် ရွတ်ဖတ်ပြီး ရရှိသည့် ပရိတ်ရေကို ထိုအမျိုးသမီး၏ ဆံပင်၌ သပ်ပေး၊ ဖြန်းပေးပါက လွယ်ကူစွာ မီးဖွားနိုင်သည်ဟု ယုံကြည်ကြသည်။