Skip to content
ဗုဒ္ဓ၏တရားတော်များ

ဗုဒ္ဓ၏တရားတော်များ

Menu
  • မူလစာမျက်နှာ
  • ဘုရားရှိခိုး
  • ပရိတ်ကြီး ၁၁ သုတ်
    • ပရိတ်ကြီး ၁၁ သုတ်ဟူသည်
    • မင်္ဂလသုတ်
    • ရတနသုတ်
    • မေတ္တသုတ်
    • ခန္ဓသုတ်
    • မောရသုတ်
    • ဝဋ္ဋသုတ်
    • ဓဇဂ္ဂသုတ်
    • အာဋာနာဋိယသုတ်
    • အင်္ဂုလိမာလသုတ်
    • ဗောဇ္ဈင်္ဂသုတ်
    • ပုဗ္ဗဏှသုတ်
  • ပဌာန်း
    • ပဌာန်းဟူသည်
    • ပစ္စယု‌ဒ္ဒေသ
    • ပစ္စယနိဒ္ဒေသ
    • မဟာပဋ္ဌာန်းကျမ်း
  • ထင်ရှားသုတ္တန်များ
    • ဓမ္မစကြာ
    • မဟာသမယသုတ်
    • ဓာရဏသုတ်ပရိတ်တော်
  • ဂါထာတော်များ
  • ပိဋကတ်ဟူသည်
Menu

ဝဋ္ဋသုတ်

ဝဋ္ဋသုတ်

ဗုဒ္ဓ၏တရားတော်များ

ဝဋ္ဋသုတ်

၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။ ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ဝိဝဇ္ဇယိ။

၂။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ။ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ အတ္ထိ လောကေ သီလဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။ တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။

၄။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။ သစ္စဗလ မဝဿာယ၊ သစ္စကိရိယ မကာသဟံ။

၅။ သန္တိ ပက္ခာ အပတနာ၊ သန္တိ ပါဒါ အဝဉ္စနာ။ မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။

၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။ဝဇ္ဇေသိ သောဠသကရီသာနိ၊ ဥဒကံ ပတွာ ယထာ သိခီ။ သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။

ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။

၁။ ပူရင်တံ ဗောဓိသမ်ဘာရေ နိတ်ဗတ်တံ-ဝတ်တ-ဇာတိယံ ယတ်သ တေဇေန ဒါဝက်ဂိ မဟာသတ်တံ ဝိဝစ်ဇယိ

၂။ ထေရတ်သ သာရိပုတ်တတ်သ လောကနာထေန ဘာသိတံ ကပ်ပထာယိမ် မဟာတေဇံ ပရိတ်တံ တံ ဘဏာမ ဟေ

၃။ အတ်ထိလောကေ သီလ-ဂုဏော၊ သစ်စံ သောစေယ နုတ်ဒယာ တေန သစ်စေန ကာဟာမိ သစ်စ-ကိရိယ-မုတ်တမံ

၄။ အာဝစ်ဇစ်တဝါ ဓမ်မဗလံ၊ သရိတ်တဝါ ပုတ်ဗကေ ဇိနေ သစ်စ-ဗလ မဝတ်သာယ၊ သစ်စ-ကိရိယ မကာသဟံ

၅။ သန်တိပက်ခါ အ-ပတနာ၊ သန်တိပါဒါ အ-ဝင်စနာ မာတာ ပိတာ စ နိတ်ခန်တာ ဇာတ-ဝေဒ ပတိတ်ကမ

၆။ သဟ သစ်စေ ကတေ မယ်ယှံ၊ မဟာပစ်ဇလိတော သိခီ ဝစ်ဇေသိ သောလသ-ကရီသာနိ အုဒကံ ပတ်တဝါ-ယထာ သိခီ သစ်စေန မေ သမော နတ်ထိ၊ အေသာ မေ သစ်စ-ပါရမီ

ဝတ်တ-သုတ်တံ နိတ်ထိတံ။

၁။ သဗ္ဗညုတဉာဏ်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်သော ဘုရားအလောင်းသည် နုစဉ်ဘဝက ငုံးငှက်မျိုး၌ ဖြစ်ရလေသည်။ ငုံးငယ်ကို ဤပရိတ်တော်၏ တန်ခိုးကြောင့် တောမီးကွင်းရလေ၏။

၂။ ဤပရိတ်တော်ကို အရှင်သာရိပုတ္တရာအား မြတ်စွာဘုရား ဟောတော်မူခဲ့၏။ ဤပရိတ်တော်သည် ကမ္ဘာတည်လိမ့်မည်။ တန်ခိုးလွန်စွာကြီး၏။ ယခုအခါ ထိုငုံးမင်းပရိတ်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆို ကြပါစို့။

၃။ လောက၌ သီလ၏ဂုဏ်ကျေးဇူးသည် ရှိ၏။ မှန်ကန်သော သစ္စာစကားသည် ရှိ၏။ ကိုယ်ရေး နှုတ်ရေး စိတ်ရေး လုံးဝစင်ကြယ်ခြင်းသည် ရှိပေ၏။ သတ္တဝါတို့အား ကြင်နာသနားခြင်းသည် ရှိပေ၏။ ဤသို့သော သစ္စာစကားဖြင့် အတုမရှိသော သစ္စာပြုခြင်းကို ငါဘုရား နုစဉ်က ပြုခဲ့ဖူးလေပြီ။

၄။ သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး ရှေးရှေးသောဘုရားရှင်တို့ကို အောက်မေ့သတိရပြီး သစ္စာ၏အစွမ်းကို အမှီပြု၍ သစ္စာပြုခဲ့ဖူးလေပြီ။

၅။ အို တောမီး ငါ့မှာ အတောင်တို့ ရှိပါသော်လည်း မပျံနိုင်သေးပါ၊ ငါ့မှာ ခြေတို့ ရှိပါသော်လည်း မသွားတတ်သေးပါ၊ ငါ၏ မိဘတို့သည်လည်း ငါ့ကိုထား၍ ထွက်သွားကြလေပြီ၊ အို တောမီး ငါ့ကို ဖဲကြဉ်ပါလော့။

၆။ ချစ်သားသာရိပုတ္တရာ ငါဘုရားအလောင်း ငုံးငယ်က သစ္စာပြုလိုက်သောအခါ သစ္စာပြုပြီးသည်နှင့် တပြိုင်နက် တောမီးသည် ရေသို့ရောက်၍ ဖဲကြဉ်ရသကဲ့ သို့ ငါ့ကို ဖဲကြဉ်လေ၏၊ အရှိန်အလျှံကြီးမားလှသော တောမီးသည် မင်းပယ် ၁၆-ပယ်စာခန့်မျှ ကွင်းလေ၏။ ချစ်သားသာရိပုတ္တရာ ငါ၏သစ္စာစကားနှင့်တူသော တရားမည်သည် မရှိချေ၊ ဤပါရမီကား ငါဘုရား၏ သစ္စာ ပါရမီပင် ဖြစ်တော့သည်။

ဝဋ္ဋသုတ်မြန်မာပြန်ပြီး၏။

မီးဘေးလွတ်ကင်းစေနိုင်သည်၊

မိမိကိုယ်တိုင် မီးဘေး မသင့်ရအောင်၊

မိမိအိမ် မိမိရပ်ကွက် မီးဘေးကင်းအောင် သစ္စာပြုနိုင်သည်။

© 2025 ဗုဒ္ဓ၏တရားတော်များ | Powered by Superbs Personal Blog theme