Skip to content
ဗုဒ္ဓ၏တရားတော်များ

ဗုဒ္ဓ၏တရားတော်များ

Menu
  • မူလစာမျက်နှာ
  • ဘုရားရှိခိုး
  • ပရိတ်ကြီး ၁၁ သုတ်
    • ပရိတ်ကြီး ၁၁ သုတ်ဟူသည်
    • မင်္ဂလသုတ်
    • ရတနသုတ်
    • မေတ္တသုတ်
    • ခန္ဓသုတ်
    • မောရသုတ်
    • ဝဋ္ဋသုတ်
    • ဓဇဂ္ဂသုတ်
    • အာဋာနာဋိယသုတ်
    • အင်္ဂုလိမာလသုတ်
    • ဗောဇ္ဈင်္ဂသုတ်
    • ပုဗ္ဗဏှသုတ်
  • ပဌာန်း
    • ပဌာန်းဟူသည်
    • ပစ္စယု‌ဒ္ဒေသ
    • ပစ္စယနိဒ္ဒေသ
    • မဟာပဋ္ဌာန်းကျမ်း
  • ထင်ရှားသုတ္တန်များ
    • ဓမ္မစကြာ
    • မဟာသမယသုတ်
    • ဓာရဏသုတ်ပရိတ်တော်
  • ဂါထာတော်များ
  • ပိဋကတ်ဟူသည်
Menu

ဗောဇ္ဈင်္ဂသုတ်

ဗုဒ္ဓ၏တရားတော်များ

ဗောဇ္ဈင်္ဂသုတ်

ပါဠိ
မြန်မာ
အနက်
အကျိုး
ပါဠိ

၁။         သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ ဝိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာပမဒ္ဒနေ။

၂။          ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။
အဇာတိ မဇရာဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

၃။         ဧဝမာဒိ ဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။
ဩသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

၄။        ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။

ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ’ ပရေ။

၅။        သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ’ တေ သဗ္ဗဒဿိနာ။

မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။

၆။        သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။

ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၇။        ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။

ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

၈။        တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံသု တင်္ခဏေ။

ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၉။        ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ’ ဘိပီဠိတော။

စုန္ဒတ္ထေရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ။

၁၀။      သမ္မောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဌာနသော။

ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

၁၁။      ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။

မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ’ နုပ္ပတ္တိဓမ္မတံ။

ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။

ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။

လက်သည်းကွင်းအတွင်းရှိ စကားလုံးများသည် မူရင်းစာအုပ်တွင် မပါရှိသော်လည်း ဖခင်အတွက် ပီတ၊ မိခင်အတွက် မာတာ၊ မိမိကိုယ်တိုင်အတွက် မေ စသဖြင့်ထည့်သွင်း ရွတ်ဆိုနိုင်သည်။

မြန်မာ

၁။         သံသာရေ သံသရန်တာနံ သတ်ဗ-ဒုတ်ခ-ဝိနာသနေ သတ်တ ဓမ်မေ စ ဗွတ်ဈင်ဂေမာရ-သေနာပမတ်ဒနေ

၂။          ဗုတ်ဇိတ်တဝါ ယေ စိမေ သတ်တာတိဘဝါ မုတ်တ ကုတ်တမာအ-ဇာတိ မ-ဇရာဗျာဓိမ်အ-မတံ နိတ်ဘယံ ဂတာ

၃။         အေဝ-မာဒိဂုဏူ ပေတံအနေက-ဂုဏ-သင်ဂဟံ အောသဓင်စ အိမံ မန်တံဗွတ်ဈင်ဂင်စ ဘဏာမေဟေ

၄။         ဗွတ်ဈင်ဂေါ သတိသင်ခါတော ဓမ်မာနံ ဝိစယော တထာ ဝီရိယံ ပီတိ ပတ်သတ်ဓိ ဗွတ်ဈင်ဂါ စ တထာပရေ

၅။         သမာဓုပစ်ခါ ဗွတ်ဈင်ဂါသတ်တေတေ သတ်ဗ-ဒတ်သိနာမုနိနာ သမ်မဒက်ခတာဘာဝိတာ ဗဟုလီကတာ

၆။         သံဝတ်တန်တိ အဘိန်ညာယ၊ နိတ်ဗာနာယ စ ဗောဓိယာအေတေန သစ်စ-ဝစ်ဇေနသွတ်ထိ တေ ဟောတု သတ်ဗဒါ

၇။         အေကတ်-သမိမ် သမယေ နာထောမောက်ဂန်လာနင် စ ကတ်သပံဂိလာနေ ဒုတ်ခိတေ ဒိတ်သဝါဗွတ်ဈင်ဂေ သတ်တ ဒေသယိ

၈။         တေ စ တံ အဘိနန်ဒိတ်တဝါရောဂါ မုတ်စိတ်သု တင်ခဏေအေတေန သစ်စ ဝစ်ဇေန၊သွတ်ထိ တေ ဟောတု သတ်ဗဒါ

၉။         အေက-ဒါ ဓမ်မ-ရာဇာပိ၊ ဂေလင်​ညေနာ ဘိ ပီလိတော စုန်ဒတ်ထေရေန တံယေ၀ ဘဏာပစ်တဝါန သာဒရံ

၁၀။       သမ်မောဒိတ်တဝါန အာဗာဓာ၊ တမ်မှာ ဝုတ်ထာသိ ထာန-သော အေတေန သစ်စ ဝစ်ဇေန၊ သွတ်ထိ တေ ဟောတု သတ်ဗဒါ

၁၁။       ပဟီနာ တေ စ အာဗာဓာ တိန်ဏန်နမ်ပိ မဟေသိနံ မက်ဂ-ဟတာ ကိလေသာဝ ပတ်တာ နုပ်ပတ်တိ-ဓမ်မ-တံ အေတေန သစ်စဝစ်ဇေန၊ သွတ်ထိ တေ ဟောတု သတ်ဗဒါ

ဗွတ်ဈင်ဂ-သုတ်တံ နိတ်ထိတံ

အနက်

၁။        ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။

၂။         သတ္တဝါတို့သည် ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌသိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓေနေရသည့်ဘေး၊ အိုရသည့်ဘေး၊ နာရသည့်ဘေး၊ သေရသည့်ဘေးတို့ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။

၃။        ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့်သာမက အခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဈင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။

၄။     ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ပြောကြားပေ၏၊ 

၅။     ထိုဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများအပ်ကုန်၏၊ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။

၆။     ဤဗောဇ္ဈင်ခုနှစ်ပါး တရားမြတ်စွာကို ပွားများသည်ရှိသော် တရားထူး တရားမြတ်တို့ကိုလည်း တိုးတက်သိစေနိုင်သည့် အကျိုးရှိ၏၊ ကိလေသာ ငြိမ်းအေးခြင်း အကျိုးလည်း ရှိ၏၊ အရဟတ္တမဂ်ကို ရရှိခြင်းအကျိုးလည်း ရှိ၏။ ဤသို့မှန်သောစကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၇။        အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပမထေရ် နှစ်ပါးအား ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။

၈။        ထိုမထေရ် နှစ်ပါးသည် ဗောဇ္ဈင်တရားတော်ကို လွန်စွာ နှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၉။        အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏၊ ထိုအခါ စုန္ဒမထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဈင်တရား ဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။

၁၀။      ဗောဇ္ဈင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာပျောက်ကင်းလေသည်။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။

၁၁။      မဟာကဿပထေရ်၊ မဟာမောဂ္ဂလာန်ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ်မဖြစ်နိုင်ကြတော့ပေ။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။

ဗောဇ္ဈင်္ဂသုတ် ပြီးစီးပါပြီ။

အကျိုး

ဗောဇ္ဈင်္ဂသုတ်ကို ရွတ်ဖတ်ခြင်းဖြင့် “လူမမာများကို ရောဂါသက်သာစေသည်၊ ပျောက်ကင်းစေနိုင်သည်ဟူ၍ ယုံကြည်ကြသည်။ မူရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကိုတွဲ၍ ရွတ်လျှင် ပို၍ ကောင်းသည်”ဟု ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ထဲတွင် ဆိုထားသည်။ ပရိတ် အနက်အဓိပ္ပာယ်တွင်လည်း အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်မဟာကဿပတို့ နေမကောင်း ဖြစ်သည့်အခါ၌ မြတ်စွာဘုရားက ဗောဇ္ဈင်ခုနစ်ပါးတရားကို ဟောပေးပြီး သက်သာရာ ရရှိကြောင်း၊ မြတ်စွာဘုရားကိုယ်တော်တိုင် နေမကောင်းဖြစ်သည့် အခါ၌လည်း စုန္ဒရဟန်းတော်အား ဗောဇ္ဈင်္ဂသုတ်ကို ဟောကြားစေပြီး သက်သာရာ ရရှိခဲ့ကြောင်းများကို ဖွဲ့ဆိုထားသည်။ ထိုကြောင့် သရဏဂုံ သုံးပါးနှင့် ငါးပါးသီလကို ဆောက်တည်၍ အကုသိုလ်ကင်းစင်နေချိန်တွင် ဗောဇ္ဈင်သုတ်ကို ယုံယုံကြည်ကြည်ရွတ်ဖတ်ပါက ဝေဒနာခံစားနေရသူများ ရောဂါ သက်သာပျောက်ကင်းနိုင်သည်ဟု မြန်မာဗုဒ္ဓဘာသာဝင်တို့က ယုံကြည်ကြသည်။

 ဘုရားရှင် ကောသလနိုင်ငံ … သီတင်းသုံးတော်မူနေစဉ် ဗောဇ္ဈင်ခုနစ်ပါးသည် အသင်္ခတဂါမိမဂ္ဂဖြစ်ပုံ၊ သာဝကတို့အား အစီးအပွားဖြင့် ချီးမြှောက်မှုဖြင့် မြတ်စွာဘုရားသည် ချီးမြှောက်တော်မူခြင်းကို အကြောင်းပြု၍ ငါဘုရားသည် သင်တို့အား (ဟောကြားသမှုပြုအပ်ပေပြီ၊ ရဟန်းတို့ ရုက္ခမူလ၊ သုညာဂါရတို့၌ (ကိလေသာတို့ကို) ရှို့မြိုက်ကုန်လော့၊ မေ့မေ့လျော့လျော့မနေကြကုန်လင့်၊ နောင်တတစ်ဖန် ပူပန်မှုကို မဖြစ်စေကြကုန်လင့်။ ဤသည်ကား သင်တို့အား အဖန်ဖန် အထပ်ထပ် ဆုံးမတော်မူခြင်းပေတည်းဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

 ဘုရားရှင် ကောသလနိုင်ငံ သီတင်းသုံးတော်မူနေစဉ် “အာနာပါနဿတိ နှင့် ဗောဇ္ဈင်ခုနစ်ပါးကို ဘာဝိတ၊ ဗဟုလီကတဖြစ်အောင် ပွားများလျှင် မဟပ္ဖလ၊ မဟာ နိသံသဖြစ်၏”ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

ဘုရားရှင် ကောသလနိုင်ငံ … သီတင်းသုံးတော်မူနေစဉ် ကဏှ၊ ကဏှဝိပါက၊ သုက္က၊ သုက္ကဝိပါက၊ ကဏှသုက္က၊ ကဏှသုက္ကဝိပါက၊ အကဏှအသုက္က၊ အကဏှ အသုက္ကဝိပါက ကမ္မက္ခယ-ဟူသော ကံလေးပါး၊ ဗောဇ္ဈင်ခုနှစ်ပါးသည် အကဏှ၊ အသုက္က၊ အကဏှ အသုက္ကဝိပါက ကမ္မက္ခယအကျိုးငှာဖြစ်သော ကံပေတည်းဟု တစ်ခုစီ တစ်ခုစီဝေဖန်၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

ဘုရားရှင် ကောသလနိုင်ငံ … သီတင်းသုံးတော်မူနေစဉ် အပရိဟာနိက ဖြစ်သော ဗောဇ္ဈင်ခုနစ်ပါးကို ပွားများနေသော ရဟန်းတို့အား တိုးတက်ကြီးပွားမည် သာဖြစ်ပုံ ဆုတ်ယုတ်ခြင်း မဖြစ်နိုင်ပုံကို တစ်ပါးစီ တစ်ပါးစီ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

ဘုရားရှင် ကောသလနိုင်ငံ သီတင်းသုံးတော်မူနေစဉ် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် ဝိဇ္ဇာသုံးပါး ပြီးပြည့်စုံပုံကို အကျယ်တဝင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

© 2025 ဗုဒ္ဓ၏တရားတော်များ | Powered by Superbs Personal Blog theme