Skip to content
ဗုဒ္ဓ၏တရားတော်များ

ဗုဒ္ဓ၏တရားတော်များ

Menu
  • မူလစာမျက်နှာ
  • ဘုရားရှိခိုး
  • ပရိတ်ကြီး ၁၁ သုတ်
    • ပရိတ်ကြီး ၁၁ သုတ်ဟူသည်
    • မင်္ဂလသုတ်
    • ရတနသုတ်
    • မေတ္တသုတ်
    • ခန္ဓသုတ်
    • မောရသုတ်
    • ဝဋ္ဋသုတ်
    • ဓဇဂ္ဂသုတ်
    • အာဋာနာဋိယသုတ်
    • အင်္ဂုလိမာလသုတ်
    • ဗောဇ္ဈင်္ဂသုတ်
    • ပုဗ္ဗဏှသုတ်
  • ပဌာန်း
    • ပဌာန်းဟူသည်
    • ပစ္စယု‌ဒ္ဒေသ
    • ပစ္စယနိဒ္ဒေသ
    • မဟာပဋ္ဌာန်းကျမ်း
  • ထင်ရှားသုတ္တန်များ
    • ဓမ္မစကြာ
    • မဟာသမယသုတ်
    • ဓာရဏသုတ်ပရိတ်တော်
  • ဂါထာတော်များ
  • ပိဋကတ်ဟူသည်
Menu

ပရိတ်ကြီး ၁၁ သုတ်

ဗုဒ္ဓ၏တရားတော်များ

ပရိတ်ကြီး ၁၁ သုတ်

ပရိတ်ကြီး ၁၁ သုတ်ကို ရှေး ရဟန်းပညာရှိ နှင့် လူပညာရှိတို့သည် လောကီအန္တရာယ် အမျိုးမျိုးကင်းစေရန်နှင့် လောကုတ္တရာအကျိုးပွားစေရန်အလို့ငှာ သုံးမျိုးသော ပိဋက ကျမ်းစာများထဲမှ ထုတ်နုတ်၍ စီရင်ထားတော်မူခဲ့ကြသည်။

မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများ ၌ သာရေး၊ နာရေး ကိစ္စများဖြစ်သော မင်္ဂလာဆောင်၊ ရှင်ပြု၊ အိမ်တက်မင်္ဂလာ၊ နှစ်သစ်ကူးမင်္ဂလာ၊ အသုဘရှုအခမ်းအနားတို့တွင် ရဟန်းတော်များက ဤ ပရိတ်ကြီး ၁၁ သုတ်အစအဆုံးကိုဖြစ်စေ၊ သက်ဆိုင်ရာသင့်တော်သည့် သုတ်တော်အချို့ကို ဖြစ်စေ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်ပေးလေ့ရှိသည်။

အဓိပ္ပာယ်

ပရိတ် ဟူသော ဝေါဟာရသည် ပရိတ္တ ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာသည့် ပါဠိသက်ဝေါဟာရ ဖြစ်သည်။ ကာကွယ်ပေးခြင်း၊ တားဆီးပေးခြင်း ဟု အဓိပ္ပာယ်ရသည်။ မြတ်စွာဘုရားရှင်သည် မိမိ၏တပည့်သာဝကသံဃာတော်များအတွက် ဘေးအန္တရာယ်မျာအားကာကွယ်ရန်အတွက်နှင့် မလိုလားအပ်သည့် ရလဒ်များအား တားဆီးမဖြစ်ပေါ်စေရန်တို့အတွက် များလှစွာသော အန္တရာယ်ကင်းအရံအတားသုတ်တော်တို့ကို ဟောတော်မူခဲ့၏။ ထို ဟောတော်မူခဲ့သည့် အန္တရာယ်ကင်းသုတ်တော်များအနက် ၁၁ သုတ်ကို ပညာရှိရှေးသူတော်ကောင်းများကထုတ်နှုတ်၍ ပရိတ်ကြီး၁၁သုတ် ဟုသတ်မှတ်ပြီး ဗုဒ္ဓဘာသာဝင်သူတော်စင်များအား အသုံးပြုပူဇော်ရွတ်ဆိုစေသည်။

© 2025 ဗုဒ္ဓ၏တရားတော်များ | Powered by Superbs Personal Blog theme